နေတိုးအဖွဲ့သို့ဝင်ခွင့်မရသဖြင့် ဇလန်းစကီး စိတ်ပျက်ကာ တွစ်တာတွင်ရေးသား

0
256

ယူကရိန်းသမ္မတ ဇလန်းစကီးသည် နေတိုးအဖွဲ့၏ နှေးကွေးသော ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်အပေါ် စိတ်မရှည်တော့ကြောင်းနှင့် ယူကရိန်းအား နေတိုးအဖွဲ့ဝင်အဖြစ် ဖိတ်ကြားရန်အတွက် လုံလောက်သောအကြောင်းပြချက်များချပြနိုင်ရန် ပြန်လည်စဉ်းစားရဦးမည်ဟုဆိုသော အမေရိကန်အရာရှိများကိုလည်း ဒေါသထွက်ကြောင်း သိရသည်။

ရုရှားတပ်များကို တိုက်ထုတ်ရာတွင် မဟာမိတ်အဖွဲ့တွင်ပါဝင်ရန် ၎င်း၏လျှောက်လွှာကို လက်ခံမည်ဟု မျှော်လင့်ကြောင်း မစ္စတာ ဇလန်းစကီး က နေတိုးခေါင်းဆောင်များထံ လပေါင်းများစွာ အယူခံဝင်ခဲ့သည်။

သို့သော် နေတိုးနိုင်ငံများသည် စစ်ပွဲအလယ်တွင် ရုရှားနှင့် အလွန်အကျွံထိပ်တိုက်တွေ့မည့်ကိစ္စကို တွန့်ဆုတ်နေကြသည်။

ထို့နောက်၊ ယခုသီတင်းပတ် ထိပ်သီးအစည်းအဝေးမတိုင်မီ နေတိုးအဖွဲ့ဝင်နိုင်ငံများမှ ယူကရိန်းအား မည်သည့်နေ့ရက်တွင် နေတိုးအဖွဲ့သို့ဝင်ခွင့်ပြုမည်ဆိုသော တိကျသောအချိန်ဇယားကို ပေးဆောင်ရန် ပျက်ကွက်ပြီးနောက်၊ မစ္စတာ ဇလန်းစကီး၏ စိတ်ပျက်မှုသည် တွစ်တာတွင် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

“ဖိတ်ကြားချက်အတွက်ရော ယူကရိန်းအဖွဲ့ဝင်ဖြစ်ခွင့်အတွက်ရော အချိန်ဘောင်မသတ်မှတ်ထားတာဟာ မကြုံစဖူးနဲ့ အဓိပ္ပါယ်မဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ယူကရိန်းကို ဖိတ်ခေါ်ရန်အတွက်ကိုတောင် “အခြေအနေတွေအရ”ဆိုတဲ့ မရေရာသောစကားလုံးများကို ထည့်သွင်းပြောကြားထားပါတယ်။ ယူကရိန်းကို နေတိုးအဖွဲ့ကို ဖိတ်ကြားဖို့နဲ့ မဟာမိတ်အဖွဲ့ဝင်ဖြစ်ဖို့ ခုထက်ထိကို အဆင်သင့်မဖြစ်သေးဘူးလို့ ထင်ပါတယ်” ဟု မစ္စတာ ဇလန်းစကီး က တွစ်တာတွင် အင်္ဂါနေ့က ရေးသားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here