သံမဏိ ၊‌ ဆေးဝါးနှင့် အခြားကုန်ပစ္စည်းများ ပူးပေါင်းထုတ်လုပ်နိုင်ရေး မြန်မာနှင့် ရုရှား နှစ်နိုင်ငံ ဆွေးနွေး

0
172

မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ရေးလုပ်ငန်းများတွင် မြန်မာနှင့် ရုရှား နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးအတွက် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် ရုရှားနိုင်ငံ ဒု-ဝန်ကြီးချုပ်၊ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာဒဲနစ် မန်ဒူးရော့ဖ်တို့ တွေ့ ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဇူလိုင်လ (၁၁) ရက်၊ နံနက်ပိုင်းက ပြည်ထော င်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် ရုရှားနိုင်ငံ ဒု-ဝန်ကြီးချုပ်၊ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးမစ္စတာဒဲနစ် မန်ဒူးရော့ဖ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယင်းကဲ့သို့ တွေ့ဆုံစဥ် လက်ရှိဆောင်ရွက်နေသည့် ရုရှား – မြန်မာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများအပြင် သံမဏိထုတ်လုပ်ရေး၊ ဆေးဝါးဆိုင်ရာ ပူးပေါင်းထုတ်လုပ်ရေး၊ ချည်မျှင်နှင့် အထည်ထုတ်လုပ်ရေး၊ ဘိလပ်မြေထုတ်လုပ်ရေး စသည့် ကုန်ထုတ်လုပ်မှု ကဏ္ဍများတွင်တို့ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြကြောင်း သိရသ ည်။

ထို့အပြင် ဆေးဘက်ဆိုင်ရာ အထောက်အကူပြု ပစ္စည်းကိရိယာများ ထုတ်လုပ်ရေး၊ MSME စီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်စေရန် အခွင့်လမ်းများရှာ‌ဖွေနေမှုနှင့် ရုရှား-မြန်မာ နှစ်နိုင်ငံ ပြည်သူများအကျိုးစီးပွား ဖြစ်ထွန်းစေမည့် အလားအလာရှိသော ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ ရုရှားနိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီး ဌာန ဒု-ဝန်ကြီး Alexey V. Gruzdev၊ အာရှ၊ အာဖရိက၊ လက်တင် အမေရိကဌာန ညွှန်ကြားရေးမှူး Nosov Sergey Sergeevich ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး စက် ပစ္စည်းနှင့် အကြီးစားအင်ဂျင်နီယာဌာန ညွှန်ကြားရေးမှူး Piven Valery Vyacheslavovich ၊ ဒု-ဝန်ကြီးချုပ်၏ လက်ထောက် Alexey A. Mednikov ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံစီးပွားရေးသံမှူး Kazadaev Vladimir Serge evich နှင့် မြန်မာကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here