တောင်ကိုရီးယား၌မိုးကြီးမှုကြောင့် လျှပ်စစ်မီးများပြတ်တောက်၊လူများအားဘေးကင်းရာရွှေ့ပြောင်းပေးနေရ

0
148

ဆိုးလ်၊ဇူလိုင် ၁၄

တောင်ကိုရီးယားနိုင်ငံ၌ မုတ်သုန်ရာသီကာလမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ လျှပ်စစ်မီးများလည်းပြတ်တောက်နေပြီး လူပေါင်း ၁၀၀ ကျော်အား ဘေးကင်းရာနေရာသို့ရွှေ့ပြောင်းပေးထားရကာ သတိပေးချက်များထုတ်ပြန်ထား‌ရကြောင်းသိရသည်။

တနင်္ဂနွေနေ့မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆိုးလ်မြို့တော်၌ အိမ်ထောင်စုပေါင်း ၄,၀၀၀ ကျော် လျှပ်စစ်မီးပြတ်တောက်ခဲ့ပြီး ယနေ့နံနက် ၆ နာရီအထိ နိုင်ငံတစ်ဝန်းမှ လူပေါင်း ၁၃၅ ဦးကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရပြီးဖြစ်ကြောင်းသိရှိရသည်။

ဘူဆန်မြို့၌လူတစ်ဦးပျောက်ဆုံးနေပြီး South Jeolla ဒေသ၌လည်း လူတစ်ဦးဒဏ်ရာရရှိခဲ့ပြီဖြစ်ကြောင်းသိရှိရသည်။ဒေသဆိုင်ရာအာဏာပိုင်များအနေဖြင့်လည်း ရုတ်တရက်ဖြစ်ပေါ်လာနိုင်သည့်သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ကြောင်းသိရှိရသည်။

မြောက်ကိုရီးယား၌လည်း အလားတူမိုးများပြီးရေကြီးမှုဖြစ်ပေါ်နိုင်သည်ဟု ဝန်ကြီးချုပ်ကပြောကြားခဲ့ပြီး ယင်းသို့ရေကြီးလာပါက မြောက်ကိုရီးယားဘက်မှ နှစ်နိုင်ငံနယ်စပ်ဒေသတစ်‌လျှောက်ရှိမြစ်များမှ ဆည်များ၏ရေတံခါးများဖွင့်ချလိုက်နိုင်သဖြင့် အဆိုပါအခြေနေအတွက်ကြိုတင်ပြင်ဆင်ထားရမည်ဟုလည်းဆိုခဲ့သည်။

ယခင်နှစ်များကလည်း မြောက်ကိုရီးယားဘက်မှ ကြိုတင်အကြောင်းကြားခြင်း၊သတိပေးခြင်းမရှိဘဲ ဆည်ရေတံခါးများဖွင့်ချလိုက်ခြင်းကြောင့် တောင်ကိုရီးယားဘက်၌ လူသေဆုံးမှုနှင့်ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ဖူးသည်ဟုသိရသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here