ရခိုင်ပြည်နယ်ရှိ မြို့နယ် (၁၇) မြို့နယ်အား သဘာဝဘေး အန္တရာယ်ကျရောက်သော ဒေသများအဖြစ် (၂) လထပ်မံသတ်မှတ်

0
198

“မိုခါ”မုန်တိုင်းဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ်ရှိ မြို့နယ် (၁၇) မြို့နယ်အား သဘာဝဘေး အန္တရာယ် ကျရောက်သောဒေသများအဖြစ် (၂) လထပ်မံသတ်မှတ်ကြောင်း နစက မှ ယနေ့ ဇူလိုင် (၁၄) ရက်တွင် ကြေညာချက်အမှတ် ၃/၂၀၂၃ ဖြင့် ထပ်မံကြေညာခဲ့သ ည်။

ကျောက်ဖြူမြို့နယ်၊ မာန်အောင်မြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ အမ်းမြို့နယ်၊ စစ်တွေမြို့နယ်၊ ပေါက်တောမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ဂွမြို့နယ်၊တောင်ကုတ်မြို့နယ်၊ သံတွဲမြို့နယ်၊ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်၊ မြောက်ဦးမြို့နယ်၊ မြေပုံမြို့နယ်တို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု နည်းဥပဒေပုဒ်မ (၂၆) အရ ဇူလိုင် (၁၅) ရက်မှ စက်တင်ဘာ (၁၄) ရက်အထိ သဘာဝဘေးအန္တရာယ် ကျရောက်သည့် ဒေသများအဖြစ် ဒုတိယအကြိမ် ထပ်မံကြေညာခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မြို့နယ်များအား ပုံမှန်အနေအထားသို့ အပြည့် အဝပြန်လည်ရောက်ရှိလာစေရန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အချိန်ကာလဖြစ်၍ သဘာဝဘေးအန္တရာယ် ကျရောက်သည့် ဒေသများအဖြစ် ထပ်မံကြေညာခဲ့ခြင်း ဖြစ်သည်။

ယင်း မြို့နယ်များအား နစက မှ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၁၁) အရ သဘာဝဘေး အန္တရာယ်ကျရောက်သောဒေသများအဖြစ် မေ (၁၅) ရက်က ပထမအကြိမ်အဖြစ် ထုတ်ပြန်ကြေညာထားခြင်း ဖြစ်သည်။

အဆိုပါ မြို့နယ် (၁၇) ခုအား သဘာဝဘေး အန္တရာယ်ကျရောက်သောဒေသများအဖြစ် အချိန် (၂)လ ထပ်တိုးကြေညာရခြင်းမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကဏ္ဍအလိုက် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရန်အတွက်ဖြစ်ကြောင်း သိရသည်။

ယနေ့ထုတ်ပြန်သည့် ကြေညာချက်အမှတ် ၃/၂၀၂၃ ကို နစက ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here