မိုင်းဖုန်း ဆရာတော်အား ဆေးကုသမှုခံရန် ထိုင်းနိုင်ငံ ချင်းရိုင်မြို့သို့ အရေးပေါ် ပို့ဆောင်ရ

0
243

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ ၊ မိုင်းဖုန်း(က) ကျေးရွာတွင် သီတင်းသုံးနေသည့် မိုင်းဖုန်းဆရာတော်မှာ ကျန်းမာရေးအခြေအနေအရ ဆေးကုသရန် လိုအပ်သည့် အတွက် ထိုင်းနိုင်ငံသို့ ယမန်နေ့ ညပိုင်းတွင် အရေးပေါ် ပို့ ဆောင်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

” ည (၁၀) နာရီလောက်မှ ချစ်ကြည်ရေး တံတားကနေ
ချင်းရိုင်‌ဆေးရုံကိုအရေးပေါ် ပို့ရတာပေါ့။ ဟိုရက်ကတည်းက ကျန်းမာရေးမကောင်းတာပေါ့ ။ အဲဒီတုန်းကလည်း ချင်းရိုင်မှာပဲ သွားရတယ်။ ပြန်လာတာက (၁၀) ရက်နေ့လို့ကြားတယ် ။ အခုည ပြန်သွားရတာပေါ့” ဟု တာချီလိတ်ဒေသခံ တစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ ပြောသ ည်။

မိုင်းဘုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရသည် ဇူလိုင်လ (၂) ရက်က
မှိုဆွမ်းဟင်းဘုဉ်းပေးမိခဲ့ရာမှ မူးဝေပျို့အန်သည့် ဝေဒနာခံစားရကာ နာမကျန်းဖြစ်ပွားခဲ့ခြင်းကြောင့် ဇူလိုင်လ(၈)ရက်တွင် ထိုင်းနိုင်ငံ ချင်းရိုင်မြို့ရှိ Bangkok Hospital တွင် ဆေးဝါးကုသမှု ခံယူခဲ့ရခြင်း ဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here