မုတ်သုန်မိုးကြောင့်ရေကြီးရေလျှံ ၊ ယမုံနာမြစ်ရေစံချိန်တင်မြင့်တက်

0
145

နူးဒေလီ၊ဇူလိုင် ၁၄

အိန္ဒိယနိုင်ငံ၏မြို့တော်နူးဒေလီကို ဖြတ်သန်းစီးဆင်းနေသည့် ယမုံနာမြစ်ရေသည် မုတ်သုံရာသီ ရေလွှမ်းမိုးမှုကြောင့် စံချိန်တင်မြင့်တက်လာခဲ့ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။

ယမုံနာမြစ်သည် အလွန်အန္တရာယ်များသောအနေအထားဖြင့်စီးဆင်းနေပြီး ကြာသပတေးနေ့ညတွင် ၂၀၈ ဒသမ ၆ မီတာအထိရောက်ရှိနေကာ စံချိန်တင်အနေအထားဖြစ်နေသည်ဟုလည်းဖော်ပြထားသည်။

ယခုလက်ရှိမြစ်ရေ၏အမြင့်သည် ၁၉၇၈ ခုနှစ်ကရောက်ရှိဖူးသည့် ၂၀၇ ဒသမ ၄၉ မီတာအမြင့်ထက်ပင် စံချိန်ကျော်ခဲ့သည်ဟုဆိုသည်။

ရေကြီးခြင်းနှင့်မြေပြိုခြင်းများသည် အိန္ဒိယနိုင်ငံ၏မုတ်သုန်ရာသီအတွင်း ဖြစ်လေ့ဖြစ်ထရှိသောအရာများဖြစ်သော်လည်း ရာသီဥတုဖောက်ပြန်မှုများကြောင့် ဖြစ်သည့်အကြိမ်ရေများလာပြီး ပိုလည်းပြင်းထန်လာသည်ဟုပညာရှင်များကပြောကြားခဲ့သည်။

ဒေသဆိုင်ရာအာဏာပိုင်များကလည်းကြိုတင်ပြင်ဆင်မှုများပြုလုပ်နေကာ ရေဘေးသင့်နိုင်သည့်နေရာများမှလူများအား ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးနေကြပြီး ‌လမ်းတံတားများ‌ရေမြုပ်နေသဖြင့် အခြေခံပညာကျောင်းများ၊တက္ကသိုလ်နှင့်အရေးမကြီးသည့်အစိုးရရုံးဌာနများကိုလည်းပိတ်ထားရသည်ဟုသိရှိရသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here