လားရှိုးမြို့မဈေး ဇွဲထက်စိန်ရွှေရတနာဆိုင်ရှေ့တွင်ရပ်ထားသည့် ဆိုင်ကယ်မှ ဗုံးပေါက်ကွဲမှုကြောင့် ၁၀ ဦးကျော် ဒဏ်ရာရ

0
207

ရှမ်းပြည်နယ်၊လားရှိုးမြို့၊အမှတ်(၂)ရပ်ကွက်၊မြို့မစျေးအတွင်းရှိ “ဇွဲထက်”စိန်ရွှေရတနာဆိုင်ရှေ့၌ ဇူလိုင် ၁၅ ရက်(ယနေ့)နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အမည်မသိအမျိုးသား ၂ ဦးသည် ယနေ့ နံနက်က ဇွဲထက်စိန်ရွှေရတနာဆိုင်ရှေ့တွင် ဆိုင်ကယ်အား ရပ်ထားခဲ့ပြီး ယင်းဆိုင်ကယ်မှ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း CCTV မှတ်တမ်းအရ သိရသည်။

“မနက်ပိုင်းဆိုတော့ စျေးသွားစျေးလာတွေတွေစျေးရောင်းတဲ့လူတွေများတယ် လတ်တလောသိရသလောက်ဆိုရင် မိုင်းကရွှေဆိုင်ရှေ့မှာထောင်ထားတာ လက်လုပ်မိုင်းလို့သိရပါတယ် ပေါက်ကွဲသံအကျယ်ကြီးပဲ ရွှေဆိုင်လည်းပျက်စီးတာတွေရှိတယ် ဒဏ်ရာရတဲ့လူတွေအတော်များတယ် ဘေးကဆိုင်တွေကတော့ ပျက်စီးတာမတွေ့ဘူး ဆိုင်ကယ် ၃ စီးလောက်ပျက်စီးသွားတာတွေ့တယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် “ဇွဲထက်”စိန်ရွှေရတနာဆိုငိမှ ဝန်ထမ်းများအပါအဝင် စျေးရောင်း ချနေသူများနှင့်စျေးဝယ်လာသူ ၁၀ ဦးကျော်၌ ထိခိုက်ဒဏ်ရာများ(စိုးရိမ်ရနှင့်မစိုးရိမ်ရ)ရရှိခဲ့ကြသဖြင့် လားရှိုးမြို့အခြေစိုက်လူမှုကူညီရေးအသင်းများမှ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက လာရောက်စစ်ဆေးခဲ့ကြပြီး ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here