လပေါ်ဆင်းသက်ရန်စီစဉ်ထားသည့် သမိုင်းဝင် Chandrayaan-3 ဒုံးပျံကို အိန္ဒိယလွှတ်တင်

0
144

အိန္ဒိယသည် ၎င်း၏ Chandrayaan-3 ဒုံးပျံကိုကို သောကြာနေ့တွင် အောင်မြင်စွာ လွှတ်တင်ခြင်းဖြင့် လပေါ်သို့ ဆင်းသက်သည့် စတုတ္ထမြောက် နိုင်ငံဖြစ်လာရန် ကြိုးပမ်းလိုက်သည်။

သက္ကဋဘာသာစကားတွင် “လဆင်းယာဉ်” ဟုအဓိပ္ပါယ်ရသော Chandrayaan ဟု အမည်ပေးထားသည့် ဒုံးပျံကို အိန္ဒိယနိုင်ငံ အန်ဒရာပရာဒက်ရှ်ပြည်နယ်တောင်ပိုင်းရှိ ဒါဝန်အာကာသစခန်းမှ သောကြာနေ့ ဒေသစံတော်ချိန် မနက် ၅ နာရီက အောင်မြင်စွာလွှတ်တင်ခဲ့ခြင်းဖြစ်သည်။

အိန္ဒိယပြည်သူများစွာတို့သည် သမိုင်းဝင်ပစ်လွှတ်မှုကို ကြည့်ရှုရန် ဒုံးလွှတ်စခန်းတွင် စုရုံးခဲ့ကြပြီး YouTube တွင် ကြည့်ရှုရန် စောင့်မျှော်နေသောသူများမှာလည်း ၁ သန်းကျော်ရှိခဲ့သည်။

Chandrayaan-3 သည် “တိကျသောပတ်လမ်း” တွင်ရှိပြီး “လသို့၎င်း၏ခရီးစတင်ပြီ” ဟုသောကြာနေ့နှောင်းပိုင်းတွင်အိန္ဒိယအာကာသသုတေသနအဖွဲ့မှတွစ်တာတွင်အတည်ပြုခဲ့သည်။

အာကာသယာဉ်၏ ကျန်းမာရေးသည် ပုံမှန်အတိုင်းဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောသည်။

Chandrayaan-3 ဒုံးပျံကသယ်ဆောင်သွားသော လဆင်းယာဉ်သည် သြဂုတ် ၂၃ ရက်တွင် လပေါ်သို့ ဆင်းသက်နိုင်မည်ဟု မျှော်လင့်ထားသည်။

၂၀၁၉ ခုနှစ်တွင် Chandrayaan-2 ဒုံးပျံနှင့် လပေါ်ဆင်းသက်ရန်ကြိုးပမ်းမှု မအောင်မြင်ခဲ့ပြီးနောက် ယခု Chandrayaan-3 မစ်ရှင်သည် အိန္ဒိယ၏ ဒုတိယမြောက် လပေါ်ဆင်းသက်ရန် ကြိုးပမ်းမှုဖြစ်သည်။ အိန္ဒိယ၏ ပထမဆုံး လစူးစမ်းလေ့လာရေးယာဉ်ဖြစ်သည့် Chandrayaan-1 မှာမူ ၂၀၀၈ ခုနှစ်တွင် လကို လှည့်ပတ်ပျံသန်းနေစဉ် လမျက်နှာပြင်ပေါ်သို့ ပျက်ကျသွားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here