မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့သည့် NIDP နှင့် NNDP တို့ကိုနိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် ထပ်မံခွင့်ပြု

0
171

နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့်လျှောက်ထားခဲ့သည့် အမျိုးသားဒီမိုကရေစီပါတီသစ်(NNDP)နှင့် အမျိုးသားအကျိုးစီးပွား တိုးတက်ရေးပါတီ (NIDP) တို့ကို မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးထုတ်ပြန်ထားသည်။

အဆိုပါ ပါတီ (၂) ခုကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ (၉) နှင့်အညီ မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း နှင့် အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP)၏ မှတ်ပုံတင်အမှတ်မှာ (၃၃) ဖြစ်ပြီး အမျိုးသား အကျိုးစီးပွားတိုးတက်ရေးပါတီ (NIDP)၏ မှတ်ပုံတင်အမှတ်မှာ (၃၄) ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်အရ ပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားသည့် နိုင်ငံရေးပါတီ ၅၀ အနက်မှ လက်ရှိတွင် ၃၄ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here