တောင်ကိုရီးယားတွင် မြေပြိုမှုနှင့်၊ ရေကြီးမှုများကြောင့် လူ ၇ ဦး သေဆုံးပြီး ၁၀၀၀ ကျော် ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရ

0
147

တောင်ကိုရီးယားနိုင်ငံတွင် ယနေ့ စနေနေ့(ဇူလိုင် ၁၅ ရက်)၌ မြေပြိုမှုနှင့်၊ ရေကြီးမှုများဖြစ်ပွားသောကြောင့် လူခုနစ်ဦးသေဆုံး၊ သုံးဦးပျောက်ဆုံးကာ ခုနစ်ဦးဒဏ်ရာရပြီး ထောင်နှင့်ချီသောလူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း တာဝန်ရှိသူများက ဇူလိုင် ၁၅ ရက်တွင်ပင် ပြောကြားခဲ့သည်။

ယနေ့ ဒေသစံတော်ချိန် နံနက် ၁၁ နာရီအထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူပေါင်း ၁၅၆၇ ဦးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ခဲ့ကြောင်း ပြည်ထဲရေးနှင့် ဘေးကင်းရေး ဝန်ကြီးဌာနကဆိုသည်။ နိုင်ငံ၏ မြောက်ဘက် Chungcheong ပြည်နယ်ရှိ ဆည်ရေလွှမ်းမိုးမှုကြောင့် သေဆုံး ဒဏ်ရာရသူ အရေအတွက် မြင့်တက်လာနိုင်ကြောင်း သိရသည်။

Korea Railroad Corp မှ အနှေးရထားများနှင့် ကျည်ဆန်ရထားများ အားလုံးကို ရပ်ဆိုင်းထားရပြီး၊ အခြား ကျည်ဆန်ရထားများမှာလည်း နှောင့်နှေးဖွယ် ရှိကြောင်းသိရသည်။

Chungcheong ပြည်နယ်မြောက်ပိုင်းရှိ ရထားလမ်းများပေါ်သို့ မြေပြိုကျမှုကြောင့် သောကြာနေ့နှောင်းပိုင်းတွင် အနှေးရထားလမ်းချော်မှု ဖြစ်ပွားခဲ့ကြောင်း သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ အင်ဂျင်နီယာတစ်ဦး ဒဏ်ရာရရှိခဲ့သော်လည်း လမ်းချော်သည့်ရထားပေါ်တွင် ခရီးသည်တစ်ဦးမျှ မရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here