အမြန်လမ်းတွင် ကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ ထန်းပင်ကို ဝင်တိုက်ပြီး လူ (၂) ဦးဒဏ်ရာရ

0
181

ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး၊ ဖြူး(၁၁၅) မိုင် အမြန်လမ်းမီးသတ်စခန်းအပိုင်တွင် ယနေ့ ဇူလိုင်လ ၁၅ ရက် နေ့လယ်ပိုင်းက AD Van အမျိုးအစား အိမ်စီးကား တစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ ထန်းပင်အား ဝင်တိုက်မိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ယနေ့ နေ့လယ် (၃) နာရီခွဲက ရန်ကုန် – မန္တလေးအမြန်လမ်းမကြီးအတိုင်း မောင်းနှင်လာသည့် AD Van ကားသည် မိုင်တိုင်အမှတ် ၁၁၈/၀ နှင့် ၁၁၈/၁ ကြားအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ ထန်းပင်အား ဝင်တိုက်မိခဲ့သဖြင့် ဖြူး (၁၁၅)မိုင် အမြန်လမ်း မီးသတ်စခန်းမှ ကူညီကယ်ဆယ်ခဲ့ကြကြောင်းသိရသည်။

ဖြစ်စဥ်ကြောင့် ကားပေါ်တွင် လိုက်ပါလာသည့် အမျိုးသားတစ်ဦး (မစိုးရိမ်ရ) နှင့် အမျိုးသမီးတစ်ဦး (စိုးရိမ်ရ) တို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် အမြန်လမ်းကြက်ခြေနီအသင်းမှ ဖြူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here