မြန်မာ့သတ္ထုတွင်းထွက်ပစ္စည်း ပြည်ပတင်ပို့မှု ယမန်နှစ်ကာလတူထက် ကန်ဒေါ်လာ သန်းသုံးဆယ်နီးပါး လျော့ကျနေ

0
319

ယခု ဘဏ္ဍာနှစ် သုံးတာတာ ကာလအတွင်း ပြည်ပသို့ မြန်မာ့သတ္ထုတွင်းထွက်တင်ပို့မှု ပို့ကုန်ရငွေ အခြေအနေမှာယမန်နှစ်ကာလတူထက် ကန်ဒေါ်လာ ၂၇ သန်းကျော် လျော့နည်းနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် ကုန်သွယ်မှုအချက်အလက်များအရ သိရသည်။

၂၀၂၂-၂၃ ဘဏ္ဍာနှစ် ဧပြီလမှ ဇွန်လအထိ သုံးလအတွင်း ပြည်ပနိုင်ငံများသို့ မြန်မာ့သတ္ထုတွင်းထွက်ပစ္စည်းများတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၀၀ ဒသမ၂၉၄ သန်းရရှိခဲ့ပြီး ယခု ၂၀၂၃-၂၄ ဘဏ္ဍာနှစ် ‌ကာလတူတွင် အမေရိကန်ဒေါ်လာ ၇၂ ဒသမ ၇၉၅ သန်းသာရရှိခဲ့ကြောင်း သိရသည်။

မြန်မာ့သတ္ထု တွင်းထွက်ပစ္စည်းများ ပြည်ပနိုင်ငံများသို့ တင်ပို့မှုမှ ကဏ္ဍအလိုက် ရရှိအခြေအနေမှာ နိုင်ငံပိုင်ကဏ္ဍမှ တင်ပို့ရောင်းချမှုမှ ကန်ဒေါ်လာသန်း ၂၀ ကျော်နှင့် ပုဂ္ဂလိက ကဏ္ဍမှ တင်ပို့ရောင်းချမှုမှ ကန်ဒေါ်လာသန်း ၅၀ ကျော်အထိ ရရှိခဲ့ကြောင်း သိရသည်။

ပြည်နိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိသည့် မြန်မာ့သတ္ထုတွင်းထွက်ပစ္စည်းများမှာ ကျောက်စိမ်း၊ ရွှေ၊ ပုလဲ၊ ခဲ၊ ခဲမဖြူ၊ အဖြိုက်နက်၊ ကြေးနီ၊ ငွေ၊ ကျောက်မီးသွေး၊ သွပ်နှင့် အခြားတွင်းထွက်သတ္ထုများပါဝင်ကြောင်း စီးပွားကူးသန်း၏ အချက်အလက်များအရ သိရသည်။

ပုံစာ – ၂၀၂၃ ခုနှစ် မေလအတွင်းက နေပြည်တော်တွင် ပြုလုပ်သည့် (၅၈) ကြိမ်မြောက် ကျောက်မျက်ရတနာပြပွဲတွင် ပါဝင်ရောင်းချခဲ့သည့် မြန်မာ့ကျောက်စိမ်းတွဲများအား မြင်တွေ့ရစဉ်


LEAVE A REPLY

Please enter your comment!
Please enter your name here