UNESCO ၏ လမ်းညွှန်ချက်နှင့်အညီ မြောက်ဦးမြို့ကိုပြုပြင်မည်

0
268

မုန်တိုင်းသင့် ရခိုင်ပြည်နယ်အတွင်းရှိ မြောက်ဦးမြို့ကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ၏ လမ်းညွှန်ချက်နှင့်အညီ ပြန်လည်ပြုပြင်ရန် စီစဉ်နေကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။

လက်ရှိတွင် ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီသို့ တင်ပြထားပြီး ယူနက်စကိုအဖွဲ့၏လမ်းညွှန်ချက်နှင့်အညီ ပြုပြင်သွားမည်ဖြစ်ကြောင်း သိရသည်။

မိုခါမုန်တိုင်းဒဏ်ကြောင့် မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ လေးမြို့ခေတ် ကောလိယမင်း လက်ထက် ရက္ခဝဏ္ဏ အက္ခရာဖြင့် သဘာဝ ကျောက်တောင်ကြီးတွင် အပြည့်ရေးထိုးထားသည့် အလှူမှတ်တမ်းတင် လောင်းကြက်တောင်မော်ကျောက်စာရုံ၏ အမိုး ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ကာ ကျောက်စာပေါ် ပြိုကျမှုဖြစ်ပေါ်ခဲ့သည်။

ယင်းအပြင် မြောက်ဦးရှေးဟောင်း သုတေသနပြတိုက်အမိုးများ၊ ဘုရားခန်းနေရာ၊ မြေပုံခန်းနှင့် ဓာတ်ခွဲခန်းများလည်း ပျက်စီးခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here