သံသတ္တုရိုင်းများရှာဖွေတူးဖော်ရေး၊ သံမဏိထုတ်လုပ်ရေးဆိုင်ရာ နည်းပညာများ အထောက်အပံ့ပေးနိုင်ရန် မြန်မာ-ရုရှား နှစ်နိုင်ငံ ဆွေးနွေး

0
116

မြန်မာနိုင်ငံအတွက်အရေးပါသည့် သံသတ္တုရိုင်းများ ရှာဖွေတူးဖော်ရေး၊ သံမဏိထုတ်လုပ်ရေးဆိုင်ရာ နည်းပညာများအတွက် အထောက်အပံ့များပေးအပ်နိုင်ရေး ဇူလိုင်လ ၁၄ရက်က စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် ရုရှားနိုင်ငံ၊ စဗျဲလော့်ဗ်စ်ခ်ဒေသ နိုင်ငံတကာစီးပွားရေးဆက်သွယ်ဆောင်ရွက်မှုဝန်ကြီးဌာန၊ ဝန်ကြီး မစ္စတာ ဗျဲချီးစ်လာ့ဖ်ယာရင်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံစဥ် နှစ်နိုင်ငံကြား ဆောင်ရွက်သွားနိုင်မည့် ပို့ကုန်၊ သွင်းကုန်များ၊ မြန်မာနိုင်ငံအတွက်အရေးပါသည့် သံသတ္တုရိုင်းများ ရှာဖွေတူးဖော်ရေး၊ သံမဏိထုတ်လုပ်ရေးဆိုင်ရာ နည်းပညာများ အထောက်အပံ့ပေးခြင်း၊ သံမဏိထုတ်လုပ်ရေးလုပ်ငန်းများဆောင်ရွက်မည့် လုပ်သားများအား နည်းပညာနှင့် ထုတ်လုပ်မှုနည်းစဉ်အဆင့်ဆင့်ကို ကျွမ်းကျင်တတ်မြောက်၍ ကိုယ်တိုင်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်သည်အထိ လေ့ကျင့်သင်ကြားပေးရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြန်မာနိုင်ငံမှ ကျောင်းသားများကို ယူရယ်ဒေသရှိ အဆင့်မြင့်တက္ကသိုလ်ကြီးများသို့ ပညာတော်သင်စေလွှတ်ခြင်းဖြင့် လူ့စွမ်းအားအရင်းအမြစ် တည်ဆောက်ခြင်း၊ မိတ်ဖက်နိုင်ငံများအကြား ညီရင်းအစ်ကို စိတ်ဓာတ်ဖြင့် စည်လုံးညီညွတ်မှုပိုမိုခိုင်မြဲစေသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။

ထို့အတူ စဗျဲလော့ဖ်စ်ခ်ဒေသအနေဖြင့် စီးပွားရေး၊ ကုန်သွယ်ရေးသံတမန်များ ခန့်အပ်စေလွှတ်သွားနိုင်မည့် အလားအလာများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here