ယူကရိန်း ဒုံးကျည်များနှင့် ဒရုန်းများ ပစ်ချခဲ့ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနဆို

0
129

ရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်များသည် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ယူကရိန်းဖက်မှ ပစ်လွှတ်သော HIMARS ဒုံးပျံနှစ်စင်းနှင့် S-200 ဒုံးကျည်နှစ်စင်းကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ပြီး ယူကရိန်းဒရုန်း ၁၃ စင်းအားလည်း ပစ်ချခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Igor Konashenkov က တနင်္ဂနွေနေ့တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“လေကြောင်းရန်ကာကွယ်ရေးစနစ်များသည် မိမိတို့၏ မြေပြင်ပစ်မှတ်များကို ပစ်ခတ်သည့် HIMARS MRLS ဒုံးပျံသုံးစင်းနှင့် S-200 မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်နှစ်စင်းတို့ကို ကြားဖြတ်ဟန့်တားခဲ့သည်” ဟု ၎င်းက ပြောကြားခဲ့သည်။

ထို့အပြင် Kherson ဧရိယာရှိ ရုရှားတပ်ဖွဲ့ဝင်များသည် ယူကရိန်းစစ်သည် ၅၀ နှင့် အမေရိကန်လုပ် M777 အမြောက်စနစ်သုံးခုကို ညတွင်းချင်း ဖျက်ဆီးခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ “ယူကရိန်းစစ်သား ၅၀၊ စစ်မြေပြင်သုံး ယာဉ်လေးစီး၊ အမေရိကန်လုပ် M777 အမြောက်စနစ်သုံးခု နဲ့ Akatsiya မော်တော်ယာဉ်အမြောက်စနစ်တွေကိုလဲ ညတွင်းချင်း ဖျက်ဆီးခဲ့ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ရုရှားစစ်တပ်သည် ယခုအချိန်အထိ ယူကရိန်းတို့၏ စစ်လေယာဉ် ၄၅၅ စင်း၊ တိုက်ခိုက်ရေးရဟတ်ယာဉ် ၂၄၂ စင်း၊ မောင်းသူမဲ့လေယာဉ် ၅,၀၂၈ စင်း၊ မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည် ၄၂၆ စင်း၊ တင့်ကား ၁၀,၇၂၁ စင်းနှင့် အခြားသံချပ်ကာ တိုက်ခိုက်ရေးယာဉ် ၁,၁၃၈ စင်း၊ ဒုံးကျည် ၄ စင်း၊ အမြောက်ပစ်လောင်ချာများနှင့် အထူးစစ်မြေပြင်သုံး မော်တော်ယာဉ် ၁၁,၆၉၈ စီးတို့ကို ဖျက်ဆီးနိုင်ခဲ့ပြီးဖြစ်ကြောင်းကိုလည်း ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Igor Konashenkov ကပြောကြားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here