မက်ဆီ ကို ကစားသမားသစ်အဖြစ်တရား၀င်မိတ်ဆက်လိုက်တဲ့ အင်တာမိုင်ယာမီ

0
171

အမေရိကန် ကလပ် အင်တာမိုင်ယာမီဟာ လီယွနယ်မက်ဆီကို ကစားသမားသစ်အဖြစ် ‌ဒီနေ့မှာ တရား၀င်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

မက်ဆီဟာ အင်တာမိုင်ယာမီအသင်းကို အလွတ်ပြောင်းရွေ့ကြေး (၂) နှစ် ထပ်မံသက်တမ်းတိုးခွင့် (၁) နှစ်နဲ့ ပြောင်းရွေ့ခဲ့တာဖြစ်ပြီး ကျောနံပါတ် (၁၀) ကို ၀တ်ဆင်သွားမှာဖြစ်တယ်လို့သိရပါတယ်။

“ဒီမှာရှိနေရတာ အရမ်းကိုပျော်ရွှင်မိပါတယ်၊ အသင်းသစ်နဲ့ လေ့ကျင့်ခန်းဆင်းဖို့၊ ပြိုင်ပွဲဝင်ဖို့ မစောင့်နိုင်တော့ပါဘူး၊ အသင်းကို ကူညီဖို့၊ ယှဉ်ပြိုင်ဖို့၊ အနိုင်ရဖို့၊ ကူညီပေးဖို့ ဒီကိုရောက်လာတာပါ” လို့ မက်ဆီက ပြောပါတယ်။

ဒေးဗစ်ဘက်ခမ်း ပူးတွဲပိုင်ဆိုင်တဲ့ အင်တာမိုင်ယာမီအသင်းဟာ ကစားသမားသစ်အဖြစ် မက်ဆီအပြင် ဘာစီလိုနာကစားသမားဟောင်းဖြစ်တဲ့ မက်ဆီရဲ့အသင်းဖော်ဟောင်း ဘက်စကွက်ကိုလည်း ပရိသတ်တွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here