မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦး ခိုက်ရန်ဖြစ်ပွားရာမှ ဓားထိုးခံရပြီး သေဆုံး

0
238

မလေးရှားနိုင်ငံ၊ မာယုမြို့တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ကိုတင်ကိုကို(၄၂)နှစ်သည် ခိုက်ရန်ဖြစ်ပွားရာမှ ဓားထိုးခံရပြီး သေဆုံးသွားခဲ့ကြောင်း နှလုံးလှပရဟိတလူငယ်များ သွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ – မလေးရှား)မှ သိရသည်။

ကိုတင်ကိုကိုသည် မာယုမြို့၌ နေထိုင်အလုပ်လုပ်ကိုင်လျက်ရှိစဥ် တစ်အိမ်တည်းနေသူများနှင့်ခိုက် ရန်ဖြစ်ပွားပြီးနောက် ဓားဖြင့်ထိုးခံရကာ နေအိမ်ထဲတွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကိုတင်ကိုကိုအား ဓါးဖြင့်ထိုးခဲ့သည့် ပြစ်မှုကျူးလွန်သူများမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်းလည်း သိရသည်။

သေဆုံးသူ၏ ရုပ်အလောင်းအား နှလုံးလှပရဟိတလူငယ်များ သွေးလှူရှင်အဖွဲ့ (ကွာလာလမ်ပူ-မလေးရှား)မှ တာဝန်ယူကာ ယနေ့ ဇူလိုင် (၁၇) ရက် နေ့လယ် (၁) နာရီတွင် ကလန်းသုဿန်တွင် သဂြိုလ်ပေးခဲ့ကြကြောင်း သိရသည်။

ကိုတင်ကိုကိုသည် မြန်မာနိုင်ငံ၊ ပဲခူးတိုင်း အနောက်ပိုင်း၊လက်ပံတန်းမြို့နယ်၊ ခမုံဆိပ်ကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here