မွေးရာပါ ခါးရိုးကောက်လူနာများနှင့် ကျောရိုးပိုင်းဆိုင်ရာ ခွဲစိတ်ကုသမှုများ ၈နှစ်အတွင်းလူနာ ၂၀၀ ခန့် ခွဲစိတ်ကုသပေးခဲ့

0
203

မွေးရာပါ ခါးရိုးကောက်သော လူနာများနှင့် ကျောရိုးပိုင်းဆိုင်ရာ ခွဲစိတ်ကုသမှုများကို ရန်ကုန်မြို့ရှိ အရိုးအထူးကုဆေးရုံကြီးတွင် ခွဲစိတ်ကုသပေးနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန အရိုးရောဂါအထူးကုဆေးရုံကြီး(ရန်ကုန်)ရှိ ကျောရိုးပိုင်းဆိုင်ရာ ခွဲစိတ်ကုသဆောင်တွင် အရိုးရောဂါအထူးကုဆေးရုံကြီး(ရန်ကုန်)မှ ကျောရိုးပိုင်းဆိုင်ရာ ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာသိန်းအောင်ကျော်၊ ဒေါက်တာရှိန်မြင့်ဟန်၊ အထူးကုဆရာဝန်များဖြစ်သော ဒေါက်တာနိုင်လင်းဦး၊ ဒေါက်တာကျော်လင်းလင်းတို့နှင့် ဆွစ်ဇာလန်နိုင်ငံ Swiss Spine Foundation မှ ကျောရိုးခွဲစိတ်ဆရာဝန် ပါမောက္ခဒေါက်တာကံမင်းတို့ ပူးပေါင်း၍ ကုသပေးလျက်ရှိသည်။

ယင်းသို့ ကုသပေးလျက်ရှိရာတွင် ဇွန်လ ၁၂ ရက်မှ ၁၆ ရက်အထိ မွေးရာပါ ခါးရိုးကောက်သောရောဂါ လူနာ ၁၂ ဦးကို ခါးရိုးပြန်လည်တည့်မတ်ကုသခြင်း (Pedicle
Screws and Rods Posterior Fixation) ကို အောင်မြင်စွာ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခါးရိုးကောက်သော ရောဂါကုသခြင်းများကို ခုတင် ၃၀၀ ဆံ့ အရိုးအထူးကုဆေးရုံကြီး(ရန်ကုန်)တွင် ကျောရိုးပိုင်းဆိုင်ရာ ခွဲစိတ်ကုသဆောင်မှ ကျောရိုးခွဲစိတ်အထူးကုဆရာဝန်များ ကိုယ်တိုင် လုပ်ဆောင်၍ လည်းကောင်း၊နိုင်ငံခြားမှကျွမ်းကျင်သော ကျောရိုးခွဲစိတ်အထူးကုဆရာဝန်များကို ဖိတ်ခေါ်၍ လည်းကောင်း ဆောင်ရွက်လျက်ရှိရာ ၂၀၀၅ ခုနှစ်မှစ၍ တစ်နှစ်လျှင် ပျမ်းမျှ ၁၂ ဦးခန့် ခွဲစိတ်ကုသပေးခဲ့ပြီး ယခုနှစ် ဇူလိုင်လ ၁၆ ရက်အထိ စုစုပေါင်း ခါးရိုးကောက်သောရောဂါလူနာ ၂၀၀ ကျော်ကို ခွဲစိတ်ကုသပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here