ရွှေလက်ဝတ်ရတနာများကို အခွန် သုညရာခိုင်နှုန်းဖြင့် တင်ပို့ခွင့်ပြု

0
184

ရွှေဖြင့်ပြုလုပ်ထားသည့် လက်ဝတ်ရတနာများကို ပြည်ပနိုင်ငံများသို့ တင်ပို့မည်ဆိုပါက အခွန် သုညရာခိုင်နှုန်းဖြင့် တင်ပို့နိုင်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ယခင်က ပြည်ပနိုင်ငံများသို့ ရွှေဖြင့်ပြုလုပ်ထားသည့် လက်ဝတ်ရတနာ ပစ္စည်းများ တင်ပို့ရာတွင် ပို့ကုန် အခွန် ၁၇ ရာခိုင်နှုန်း ပေးဆောင်ခဲ့ရသော်လည်း ယခုအခါ အခွန်သုညရာခိုင်နှုန်းအထိ လျှော့ချပေးထားကြောင်း သိရသည်။

“အရင်ကတော့ ဂျပန်၊ ကိုရီးယား၊ အာဆီယံ နိုင်ငံတွေကို တင်ပို့တယ်။ အခုကတော့ ခဏနားထားတယ်။ ကမ္ဘာ့ရွှေဈေးတက်နေလို့”ဟု ၎င်းက ပြောသည်။

ယခုကဲ့သို့ လျှော့ချသတ်မှတ်လိုက်ခြင်းကြောင့် အသေးစား ၊ အလတ်စား SME စီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံတကာပြပွဲများတွင် လက်ဝတ်ရတနာများ သွားရောက်ပြသရောင်းချရာတွင်လည်း အဆင်ပြေလာနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here