လုပ်ငန်းလည်ပတ်နေသည့် ဆီစက် (၈) ခုကို ချေးငွေ ကျပ်သိန်း ၄၀၀၀ ကျော် ထုတ်ချေးထား

0
156

နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေထဲမှ ချေးငွေထုတ်ချေးရာတွင် လုပ်ငန်းလည်ပတ်မှုအမြဲရှိနေသည့် ဆီစက်လုပ်ငန်း (၈) ခုကို ချေးငွေ ကျပ်သိန်းပေါင်း ၄၀၀၀ ကျော်အထိ ထုတ်ချေးထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်ရှိသည့် ဆီစက်လုပ်ငန်းများအနက်မှ လက်ရှိတွင် နေပြည်တော် ၊ ပဲခူးတိုင်း နှင့် မကွေးတိုင်းဒေသကြီးတို့ရှိ လုပ်ငန်းလည်ပတ်မှုအမြဲရှိနေသည့် ဆီစက် (၈) ခုကို ချေးငွေထုတ်ချေးပေးထားပြီးဖြစ်ကြောင်း သိရသည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှတစ်ဆင့် ဆီစက်လုပ်ငန်းရှင်များကို ကျပ်ဘီလျံ ၁၀၀ အထိ ချေးငွေထုတ်ချေးပေးသွားရန် အစီအစဉ်ရှိနေခြင်းဖြစ်ပြီး ထပ်မံထုတ်ချေးရန် ကျန်ရှိသည့်ဆီစက်များကို စည်းမျဉ်းစည်းကမ်းအတိုင်း ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆီစက်လုပ်ငန်းရှင်များအနေဖြင့် အဆိုပါချေးငွေကိုရယူလိုပါက ချေးငွေယူမည့်ဆီစက်လုပ်ငန်းရှင်များအနေဖြင့် ဘဏ်အာမခံပစ္စည်း သို့မဟုတ် ဆီစက်တန်ဖိုးကို သတ်မှတ်ပြီး ဘဏ်လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံနှင့်ပတ်သက်သည့် ရင်းနှီးမြုပ်နှံမှုပြုလုပ်မည့် လုပ်ငန်းလုပ်ကိုင်သူများကို ဝင်ငွေခွန် (၃) နှစ်မှ (၇) နှစ်အထိ ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း အသိပေးထားသည်။

Photo crd-စားသုံးသူကာကွယ်ရေးဦးစီးဌာန


LEAVE A REPLY

Please enter your comment!
Please enter your name here