မြိတ်မြို့တွင် လေပြင်းတိုက်ခတ်ပြီး အုန်းပင်လဲကျကာ ပိမိ၍ အမျိုးသားတစ်ဦး သေဆုံး

0
174

တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်မြို့တွင် ယနေ့ ဇူလိုင်လ (၁၈) ရက် နံနက်ပိုင်းက မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကလွင်ကျေးရွာအုပ်စု၊ ရှားတော၀ရပ်တွင် အုန်းပင်လဲကျကာ အမျိုးသားတစ်ဦး ပိမိပြီး သေဆုံးသွားခဲ့ကြောင်း ပါရမီနာရေး ကူညီမူအသင်း(မြိတ်)မှ သိရသည်။

ယနေ့နံနက် (၉) နာရီခွဲခန့်က မြိတ်မြို့နယ်အတွင်း မိုးရွာသွန်းကာ လေပြင်းတိုက်ခတ်ခဲ့၍ ကလွင်ကျေးရွာအုပ်စု၊ ရှားတော၀ရပ်၊ နဂါးရာဇ်တောင်ကျောင်းလမ်းတွင် အုန်းပင်လဲကျကာ အလုပ်လုပ်နေသည့် အမျိုးသားတစ်ဦးပေါ်သို့ ပိမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“လေပြင်းတိုက်ပြီး အုန်းပင်က လဲကျသွားတယ်။ အဲဒီလိုလဲကျပြီး နဂါးရာဇ်တောင်ကျောင်းလမ်းက ကွမ်းခြံထဲမှာ အလုပ်လုပ်နေတဲ့ အမျိုးသားတစ်ယောက်ပေါ်ကို ပိမိသွားတာပါ။ အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားပါတယ်” ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောကြားသည်။

သေဆုံးသူ၏ ရုပ်အလောင်းအား ပါရမီနာရေးကူညီမူအသင်း(မြိတ်)မှ ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here