ပင်လယ်နက်ဂျုံတင်ပို့မှုသဘောတူညီချက်သက်တမ်းကုန်ဆုံး၊သက်တမ်းတိုးရန်ရုရှားလက်မခံ

0
146

မော်စကို၊ဇူလိုင် ၁၈

ရုရှားနှင့်မော်စကိုတို့ကြားသဘောတူထားသည့် ပင်လယ်နက်ဆိပ်ကမ်းများမှ နိုင်ငံတကာဈေးကွက်သို့ ယူကရိန်းဂျုံတင်ပို့မှုသဘောတူညီချက်သည် သက်တမ်းကုန်ဆုံးသွားပြီဖြစ်သော်လည်းသက်တမ်းတိုးရန် ရုရှားက လက်မခံတော့ကြောင်းသိရှိရသည်။

ရုရှားဘက်က ပင်လယ်နက်ဂျုံသဘောတူညီချက်အားရပ်စဲလိုက်ခြင်းကြောင့် စားနပ်ရိက္ခာဖူလုံမှုနှင့် ဈေးနှုန်းများမြင့်တက်လာနိုင်မှုအပေါ် စိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ကပြောကြားခဲ့သည်။

ယူကရိန်းဆိပ်ကမ်းများအား ရုရှားကပိတ်ဆို့ထားခြင်းကြောင့်ဖြစ်ပေါ်လာသော စားနပ်ရိက္ခာ အကျပ်အတည်းကိုဖြေရှင်းရန်ရည်ရွယ်သည့် အဆိုပါသဘောတူညီချက်‌ကြောင့် ဂျုံတန်ချိန် သန်းပေါင်းများစွာတင်ပို့ခွင့်ရခဲ့သည်။

သို့သော်လည်း ယခုကဲ့သို့ သဘောတူညီချက် ပျက်ပြားသွားသဖြင့် ဂျုံဈေးများမြင့်တက်လာပြီး ကမ္ဘာတစ်ဝန်းရှိ စားသုံးသူများနှင့် ငတ်မွတ်ခေါင်းပါးမှုရင်ဆိုင်နေရသော သန်းနှင့်ချီသောလူများအား ထိခိုက်စေခဲ့ကြောင်း ဂါးဒီးယန်းသတင်းစာကဖော်ပြခဲ့သည်။

ရုရှားကသဘောတူညီချက်အား ရပ်စဲလိုက်သည့်သတင်းများကြောင့် ဈေးကွက်ထဲ၌ ဂျုံဈေးများ မြင့်တက်လာနေပြီး အဆိုပါသဘောတူညီချက်ကာလအတွင်း၌မူ ဂျုံဈေး ၃၅ ရာခိုင်နှုန်းကျဆင်းခဲ့သည်ဟုလည်းသိရသည်။

ရုရှား၏ဆုံးဖြတ်ချက်အား နိုင်ငံ့ခေါင်းဆောင်အတော်များများကရှုံ့ချခဲ့ပြီး ဂျုံသဘောတူညီချက်ပျက်ပြားသွားခြင်းသည် အာဖရိကအတွက် ကြီးမားသောသက်ရောက်မှုများ ရှိလာမည်ဖြစ်ပြီး တည်ငြိမ်သောရောင်းလိုအားနှင့် ဈေးနှုန်းကိုထိခိုက်စေမည်ဖြစ်သည်ဟုလည်းဆိုခဲ့သည်။

လက်ရှိတွင်လည်း နိုင်ဂျီးရီးယား၊ကင်ညာနှင့် ဂါနာကဲ့သို့သောနိုင်ငံများတွင် အစားအစာနှင့်လောင်စာဆီဈေးနှုန်းများမြင့်တက်မှုကြောင့်ဆန္ဒပြမှုများဖြစ်ပွားနေပြီး၊ဂျုံသဘောတူညီချက်ကို ပြန်လည်အသက်မသွင်းနိုင်ပါက နောက်ဆက်တွဲစျေးနှုန်းများမြင့်တက်မှုသည် စကတည်းက ဖြစ်နေသော စီးပွားရေးအကျပ်အတည်းများကြောင့် မငြိမ်မသက်မှုများကိုပိုမိုဖြစ်ပေါ်စေနိုင်သည်ဟုလည်း‌ဆိုခဲ့သည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here