မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်မှ လူငယ်တံခွန်စိုက် ကြက်တောင်ပြိုင်ပွဲ ကျင်းပမည်

0
85

မြန်မာ့ကြက်တောင်အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန်အတွက် မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်သည် ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ ကြက်တောင်အားကစားအောင်နိုင်ရေးလုပ်ငန်းများအား အရှိန်အဟုန်မပျက် စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် လူငယ်တံခွန်စိုက် ကြက်တောင်ပြိုင်ပွဲ(၂၀၂၃) ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို လာမည့် စက်တင်ဘာလ ၂၇ ရက်မှ ၃၀ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်ရှိ အမျိုးသားကြက်တောင်အားကစားခန်းမတွင် အသက် ၉ နှစ်အောက်မှ ၁၉ နှစ်အောက်အထိ ပြိုင်ပွဲအမျိုးအစား (၃၀) ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်မှာ မြန်မာ့ကြက်တောင်အားကစား အဆင့်အတန်းကို အရှေ့တောင်အာရှ၊ အာရှအဆင့်မှ ကမ္ဘာ့အဆင့်သို့ တက်လှမ်းနိုင်စေရန်၊ နိုင်ငံကိုယ်စားပြု လက်ရွေးစင်ကစားသမားများ ပေါ်ပေါက်လာစေရန်၊ ဆုကြေးများ ထိုက်ထိုက်တန်တန် ချီးမြှင့်သောပြိုင်ပွဲများ ကျင်းပပြုလုပ်ခြင်းဖြင့် အားကစားသမားများ မိမိတို့အားကစားအရည်အသွေးကို မြှင့်တင်လိုစိတ်ထက်သန်လာစေရန်၊ သက်တမ်းအလိုက်ပြိုင်ပွဲများ၊ တံခွန်စိုက်ပြိုင်ပွဲများ ကျင်းပပေးခြင်းဖြင့် အလားအလာကောင်းမွန်သော မျိုးဆက်သစ်လူငယ် အားကစားမောင်မယ်များအား ရွေးချယ်စုစည်း လေ့ကျင့်ပေးခြင်းဖြင့် မြန်မာ့ကြက်တောင်အားကစား အဆင့်အတန်ကို မြှင့်တင်သွားရန် ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲ၀င်ရောက်ယှဉ်ပြိုင်လိုသူများအနေဖြင့် ၀င်ကြေးနှင့် ၀င်ရောက်ယှဉ်ပြိုင်လိုသည့်အတန်းကို စက်တင်ဘာလ ၂၀ ရက် နောက်ဆုံးထား စာရင်း‌ပေးသွင်းရမည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here