Express ယာဉ်မှ သုံးဘီးဆိုင်ကယ်နှင့် ရပ်နားထားသောဆိုင်ကယ်အား ဝင်တိုက်မိပြီး လူ (၁) ဦးသေ၊ (၁) ဦး ဒဏ်ရာရ

0
133

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊ အောင်လံ-ပြည်ကားလမ်းတွင် Express ယာဉ်မှ သုံးဘီးဆိုင်ကယ်နှင့် ရပ်နားထားသောဆိုင်ကယ်အား ဝင်တိုက်မိမှုကြောင့် လူ (၁) ဦးသေ၊ (၁) ဦး ထိခိုက်ဒဏ်ရာရရှိမှု ယနေ့ ဇူလိုင်လ ၁၉ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။

အောင်လံမြို့၊ ရွာထောင်ရပ်ကွက်၊ အောင်လံ-ပြည်ကားလမ်းတွင် ယနေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်က Express ယာဉ်သည် လားရာတူမောင်းနှင်နေသောသုံးဘီးဆိုင်ကယ်နှင့် ရပ်နားထားသော ဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” Express ကားက ၀င်တိုက်တာ သုံးဘီးဆိုင်ကယ်ပေါ်က လူ (၁) ဦးသေပြီး (၁) ဦးဒဏ်ရာ ရရှိသွားပါတယ်” ဟု အောင်လံမြို့နယ် မီးသတ်တပ်ဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် သုံးဘီးယာဉ်မောင်း အမျိုးသား(၁)ဦး(သေဆုံး)နှင့် အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာရ (မစိုးရိမ်ရ)ခဲ့သည့်အတွက် မေတ္တာမွန်လူမှုကူညီရေးယာဉ်ဖြင့် အောင်လံမြို့နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here