(၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူးကာ ဆွမ်းကပ်ခြင်း၊ အလှူဒါနပြု အမျှဝေခြင်း အခမ်းအနားပြုလုပ်

0
126

ယနေ့ ဇူလိုင်လ (၁၉) ရက်တွင် ကျရောက်သော (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အနေဖြင့် အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူးကာ ဆွမ်းကပ်လှူခြင်း၊ လှူဖွယ်ဝတ္ထုများ လှူဒါန်းခြင်း၊ အမျှပေးဝေခြင်း အခမ်းအနားကို ရန်ကုန်မြို့တော်ခန်းမတွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းအခမ်းအနားတွင် ဆရာတော် သံဃာတော်များထံမှသာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရန်ကုန်တိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့တာဝန်ရှိသူများကငါးပါးသီလခံယူကြပါတယ်။

ရန်ကုန်တိုင်း အစိုးရအဖွဲ့အနေဖြင့် ဗဟန်းမြို့နယ်ရှိ အာဇာနည်ကုန်းတွင် ကျင်းပသည့် အာဇာနည်နေ့ အခမ်းအနားသို့လည်း တက်ရောက်ခဲ့ပြီး လွမ်းသူ့ပန်းခွေချခြင်း၊ ဂါရဝပြုခြင်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းလည်း သိရသည်။

photo credit – ၇၆နှစ်မြောက်အာဇာနည်နေ့ အခမ်းအနားမှတ်တမ်း ဓါတ်ပုံများ


LEAVE A REPLY

Please enter your comment!
Please enter your name here