မော်လမြိုင် ရေကြီးရေလျှံမှုဖြစ်စဥ်ကြောင့် ယနေ့တစ်ရက်ထဲ ကလေးငယ် ၃ ဦးရေနစ်သေဆုံး

0
151

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ရေကြီးရေလျှံမှုဖြစ်စဥ်ကြောင့် ယနေ့တစ်ရက်ထဲ ကလေးငယ် ၃ ဦးရေနစ်သေဆုံးသွားကြောင်း ဒေသခံ လူမှုကူညီရေးအသင်းများထံမှ သိရသည်။

ယနေ့‌နေ့လယ်ပိုင်းက မော်လမြိုင်မြို့၊ သီရိမင်္ဂလာ(၁၇)လမ်း အောက်ပိုင်းတွင် ယနေ့ နံနက် ၁၀ နာရီခန့်က အသက် ၁ နှစ်ခွဲအရွယ်ရှိ မိန်းကလေးငယ်သည် အိမ်တွင် အဖွားနှင့်အတူရှိနေရင်းမှ ပျောက်ဆုံးသွားသည့်အတွက် ရှာဖွေရာမှ ခြံထဲတွင််ရေနစ်သေဆုံးလျှက် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီးနောက် သီရိမြိုင် (၈)လမ်း အောက်ပိုင်းတွင်းလည်း ယနေ့ နေ့လယ်ပိုင်းက ၁၃ နှစ်အရွယ် ကလေး(၂) ဦးရေထဲမြုပ်ပြီး ပျောက်ဆုံးသွားကြောင်း သတင်းရရှိသည့်အတွက် လူမှုကယ်ဆယ်ရေးအသင်းများ သွားရောက်ရှာဖွေရာ ညနေ ၃ နာရီကျော်တွင် အသက်မဲ့လျက်ပြန်ရှာတွေ့ခဲ့ကြောင်း သိရသည်။

မော်လမြိုင်မြို့၌ ဇူလိုင်လ ၁၇ ရက်မှစ၍ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသည့်အတွက် မော်လမြိုင်မြို့မီးသတ်ဦးစီးမှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here