ထွန်စက်ပုံစံ ဖော်မြူလာဝမ်း ပြိုင်ကားကို ဘီလာရုစ် ကုမ္ပဏီက ဖန်တီး

0
126

လယ်ယာစိုက်ပျိုးရေးသုံး စက်ယန္တရားတွေကို အဓိကထား ဖန်တီးလေ့ရှိတဲ့ ဘီလာရုစ် ကုမ္ပဏီဟာ ထွန်စက်ရဲ့ အစိတ်အပိုင်းတွေနဲ့ တည်ဆောက်ထားပြီး တစ်နာရီကို ၁၉၈ မိုင်နှုန်းနဲ့ မောင်းနှင်နိုင်တဲ့ ဖော်မြူလာဝမ်း ပြိုင်ကားတစ်စင်းကို မကြာသေးမီက မိတ်ဆက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီပြိုင်ကားကို ရုရှားနိုင်ငံ၊ ရေကတ်တီရင်ဘတ် မြို့မှာ ကျင်းပခဲ့တဲ့ အင်နိုပရောမ် ပြပွဲမှာ ပထမဆုံးအကြိမ် အစမ်းနမူနာ ပြသခဲ့တာပါ။ အင်နိုပရောမ် ပြပွဲဆိုတာ ရုရှားနဲ့ ဘီလာရုစ်နိုင်ငံမှ ကုမ္ပဏီ ၁၅၀ ကျော်က သူတို့ရဲ့ နောက်ဆုံးပေါ် စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနဲ့ သယ်ယူပို့ဆောင်ရေးသုံး စက်ပစ္စည်းတွေကို ထုတ်ပြကြတဲ့ ပွဲဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီပွဲမှာ အထူးခြားဆုံးနဲ့ အထင်းဆုံးပေါ်လွင်နေတာကတော့ မင့်စ် ထရက်တာ ပလန့် ကုမ္ပဏီက ဖန်တီးထားတဲ့ ထွန်စက်ပုံစံ ဖော်မြူလာဝမ်း ပြိုင်ကားပဲ ဖြစ်ပါတယ်။ အဲဒီပြိုင်ကားရဲ့ ပုံစံဟာ အခြားပြိုင်ကားတွေထက် တမူထူးခြားနေပြီး ထပ်ခါထပ်ခါ ကြည့်လိုက်ရင် ထွန်စက်နဲ့ ဆင်တူလာတာကို သတိထားမိမှာပါ။ ဒီပြိုင်ကားကို ထွန်စက်သုံး ဘီးတွေနဲ့ အရှေ့မီးတွေသုံးပြီး တည်ဆောက်ထားတဲ့အပြင် အိတ်ဇောပြွန်ပေါက်တွေကိုပါ ထွန်စက်တွေလိုမျိုး တပ်ဆင်ထားတာ ဖြစ်ပါတယ်။

ရုရှားနဲ့ ဘီလာရုစ် ဝန်ကြီးချုပ်တွေကတောင် အံ့အားသင့်ပြီး မောင်းကြည့်ဖို့ တောင်းဆိုခဲ့ပေမယ့် အလှပြ ဒီဇိုင်းအဆင့်သာ ရှိသေးတာကြောင့် မောင်းနှင်ခွင့် မရခဲ့ပါဘူး။ ရုရှားသတင်းမီဒီယာတွေကတော့ ဒီကားကို တကယ်မောင်းနှင်နိုင်တဲ့အထိ ဖန်တီးထားပြီ ဖြစ်ပြီး တစ်နာရီကို ၁၉၈ မိုင်နှုန်း အမြန်ဆုံးထား၍ မောင်းလို့ ရတယ်လို့ ဖော်ပြထားပါတယ်။

Source: OddityCentral


LEAVE A REPLY

Please enter your comment!
Please enter your name here