” ဝ” အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် (၃) ဖွဲ့နှင့် နစက ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
144

“ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) ၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ ယနေ့ ဇူလိုင် (၂၀)ရက် နံနက်ပိုင်းက နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒု – ဗိုလ်ချုပ်ကြီး ရာပြည့်နှင့် တက်ရောက်လာသည့် တိုင်းရင်းသားလက်နက်ကိုင်(၃) ဖွဲ့ကိုယ်စား “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဒု-ဥက္ကဋ္ဌ ဦးလော့ယာကုတို့က နှုတ်ခွန်းဆက်အမှာစကားများပြောကြားခဲ့ကြကြောင်း သိရသည်။

ထို့နောက် ယခင်ဆွေးနွေးပွဲများ၌ သဘောတူထားသည့်အချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ ငြိမ်းချမ်းရေး ညီလာခံကျင်းပရေး၊ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှုများနှင့် EAO များဘက်မှ ဆွေးနွေးလိုသည့်အချက်များအား ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး ဆွေးနွေးညှိနှိုင်းချက်များအရ သဘောတူညီချက်များရယူနိုင်ရန် မူကြမ်းများကို ဆက်လက်ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

ဆွေးနွေးပွဲသို့ နစက အဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး၊ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်၊ နစက အဖွဲ့ဝင် ဒု-ဗိုလ် ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒု-ဗိုလ်ချု ပ်ကြီး ဝင်းဗိုလ်ရှိန်နှင့် ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။

ထို့အတူ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဒု- ဥက္ကဋ္ဌ ဦးလော့ယာကု၊ အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA)ဒု-ဥက္ကဋ္ဌ ဦးစန်ပေ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)ဒု-ဥက္ကဋ္ဌ (၃)စဝ်ဆေပိုင်ဖတို့ ဦးဆောင်သည့်ငြိမ်းချမ်းရေးဆွေးနွေးရေးကိုယ်စားလှယ်များလည်းတက်ရောက်ခဲ့ကြသည်။

ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့်တိုင်းရင်းသားလက်နက်ကိုင် (၃) ဖွဲ့တို့၏ ဒုတိယနေ့ ဆွေးနွေးပွဲအား ဇူလိုင် (၂၁) ရက်တွင် ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး နှစ်ဖက်တူညီသည့် သဘောထားများကို သဘောတူညီချက်များအဖြစ်လက်မှတ်ရေး ထိုးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here