မြောက်ဦးဒေသ UNESCO စာရင်းဝင်နိုင်ရေး ပြင်ဆင်မှု ရာခိုင်နှုန်း (၉၀) ပြီးစီး

0
142

ရခိုင်ပြည်နယ်အတွင်းရှိ မြောက်ဦးဒေသကို UNESCO ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်းဝင်နိုင်ရေး ပြင်ဆင်ဆောင်ရွက်မှု ရာခိုင်နှုန်း (၉၀) ပြီးစီးပြီဖြစ်ကြောင်း ရှေး ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။

မြောက်ဦးဒေသကို UNESCO ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်နိုင်ရန် ၂၀၁၅ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး လာမည့် ၂၀၂၄ ခုနှစ်တွင် ကြေညာမည့် ကမ္ဘာ့ရှေး ဟောင်းအမွေအနှစ်စာရင်းတွင် ပါဝင်ရန်ကြိုးစားဆောင်ရွက်နေကြောင်း သိရသည်။

မြောက်ဦးဒေသရှိ နန်းတော်ရာတွင် မြို့ရိုးတံတိုင်းများ၊ ခံတပ်၊ ကျုံး၊ ဘုရင်များတည်ထားကိုးကွယ်ခဲ့သည့် ဘာသာရေး အဆောက်အအုံများနှင့် စေတီပုထိုးများအပါ အဝင် အဆောက်အအုံ စုစုပေါင်း (၁၁၂၈) ခု ဝန်းကျင် တည်ရှိနေကြောင်း သိရသည်။

ရခိုင်ပြည်နယ် မြောက်ဦးဒေသကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်နိုင်ခဲ့ပါက အရှေ့တောင်အာရှ၏ အကောင်းဆုံးခံတပ် မြို့တော်အဖြစ်သမိုင်းတွင်စေမည်ဖြစ်သလို ပြည်ပနိုင်ငံများက ပညာရပ်များလည်းရရှိလာမည် ဖြစ်‌ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ ပျူ၊ ဟန်လင်းနှင့် ဗိဿနိုးမြို့ဟောင်း (၃) ခုကို ၂၀၁၄ ခုနှစ်တွင်လည်းကောင်း၊ ပုဂံရှေးဟောင်ယဉ်ကျေးမှုနယ်မြေကို ၂၀၁၉ ခုနှစ်တွင်လည်းကောင်း ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းဝင်နေရာများအဖြစ်အတည်ပြုသတ်မှတ်ခဲ့ပြီး ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here