ကုန်သွယ်မှု၊ရင်းနှီးမြှုပ်နှံမှု၊ပညာရေး၊ယဉ်ကျေးမှု၊ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနှင့်မီဒီယာကဏ္ဍတို့တွင် အာဆီယံနိုင်ငံများနှင့်ပူးပေါင်းနေသည့်အာဆီယံ- တရုတ်စင်တာ အတွင်းရေးမှူးချုပ်လာရောက်

0
99

မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံတက္ကသိုလ်များက ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဟု အာဆီယံ- တရုတ်စင်တာ အတွင်းရေးမှူးချုပ် H.E. Mr. SHI Zhongjun က ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွှန့်ဖေနှင့်တွေ့ဆုံစဥ် ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေသည် အာဆီယံ-တရုတ်စင်တာအတွင်းရေးမှူးချုပ်အား ဇူလိုင် ၂၀ ရက်နံနက် ၁၀ နာရီက လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဥ် အာဆီယံ-တရုတ်စင်တာညွှန်ကြားရေးမှူးချုပ် H.E. Mr. SHI Zhongjun က အာဆီယံ- တရုတ်စင်တာသည်ကုန်သွယ်မှု၊ရင်းနှီးမြှုပ်နှံမှု၊ပညာရေး၊ယဉ်ကျေးမှု၊ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနှင့်မီဒီယာကဏ္ဍတို့တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်လျက်ရှိသည်ဟု ဆွေးနွေးပြောကြားသည်။

ထို့ပြင် တရုတ်-အာဆီယံချစ်ကြည်ရင်းနှီးမှုသည် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မောင်းနှင်အားဖြစ်၍ မျက်မှောက်ခေတ်ရင်ဆိုင်ကြုံတွေ့ရသော စိန်ခေါ်မှုများကို အတူတကွလက်တွဲကျော်ဖြတ်သွားမည်ဖြစ်ကာ မြန်မာနိုင်ငံပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံတက္ကသိုလ်များက ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိသည်ဟုလည်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့အတူ ပြည်ထောင်စုဝန်ကြီးဒေါက်တာညွှန့်ဖေမှလည်း ၂၀၂၃ ခုနှစ် ဇွန်လမှတ်တမ်းများအရ တရုတ်နိုင်ငံနှင့်မြန်မာနိုင်ငံတက္ကသိုလ်များကြား နားလည်မှုစာချွန်လွှာပေါင်း ၂၅ စောင်လက်မှတ်ရေးထိုးထားပြီး ၂၀၁၃ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း မြန်မာတက္ကသိုလ်ကျောင်းသားနှင့်ဆရာစုစုပေါင်း ၅၇၀၃ ဦး တရုတ်နိုင်ငံတက္ကသိုလ်များတွင် တက်ရောက်ပညာသင်ယူခွင့်ရရှိခဲ့သည်ဟု ပြောသည်။

ထို့အတူ ၂၀၁၃ ခုနှစ်မှစတင်ကာ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် တရုတ်ကျောင်းသား ၈၀၂ ဦးနှင့်မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်တွင် ၅၈၉ ဦး မြန်မာဘာသာစကားကို လာရောက်သင်ယူခဲ့ပြီး ပညာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာစာဧည့်ပါမောက္ခများကို တရုတ်နိုင်ငံတက္ကသိုလ်များတွင် တာဝန်ထမ်းဆောင်ရန်စေလွှတ်ပေးလျက်ရှိကာ ကျောင်းသားဖလှယ်ရေး၊ဆရာဖလှယ်ရေး၊သုတေသနပူးပေါင်းဆောင်ရွက်ရေးတို့တွင်လည်း တိုးမြှင့်ဆောင်ရွက်လိုသည်ဟု ဆွေးနွေးပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here