အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေးကို ပိုမိုနက်ရှိုင်း၍ အဓိပ္ပာယ်ပြည့်ဝပြီးနှစ်ဖက်အကျိုးရှိသည့် မိတ်ဖက်ဆက်ဆံရေးအဖြစ်ပူးပေါင်းဆောင်ရွက်သွားမည်

0
97

အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေး ပိုမိုနက်ရှိုင်းစေရေးနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် တရုတ်နိုင်ငံ၊ပေကျင်းမြို့အခြေစိုက် အာဆီယံ-တရုတ်ဗဟိုဌာနအတွင်းရေးမှူးချုပ် မစ္စတာရှေကျုံးကျွင်းတို့တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေမှ အာဆီယံ-တရုတ်ဗဟိုဌာနအတွင်းရေးမှူးချုပ် မစ္စတာရှေကျုံးကျွင်းအား ဇူလိုင် ၂၀ ရက်နံနက် ၁၁ နာရီခွဲက နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေးကို အပြန်အလှန်နားလည်မှုနှင့်ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ဖော်ဆောင်ရာ၌ အာဆီယံ-တရုတ် ဗဟိုဌာနအနေဖြင့် ဦးစားပေးနယ်ပယ် ၆ ခုဖြစ်သည့် ကုန်သွယ်မှု၊ရင်းနှီးမြှုပ်နှံမှု၊ပညာရေး၊ယဉ်ကျေးမှု၊ခရီးသွားလာရေး၊သတင်းအချက်အလက်နှင့်မီဒီယာကဏ္ဍများအောက်မှ ပူးပေါင်းဆောင်ရွက်လျက်ရှိခြင်းတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြန်မာနိုင်ငံက အာဆီယံ-တရုတ်ဆွေးနွေးဖက်ဆက်ဆံရေးညှိနှိုင်းရေးမှူးနိုင်ငံအနေဖြင့် တာ ဝန်ယူဆောင်ရွက်ပေးစဉ် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည့် သမိုင်းမှတ်တိုင်များ၊အာဆီယံ- တရုတ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် အာဆီယံ-တရုတ်လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅)နှင့်နောက်ဆက်တွဲ အစီအစဉ်အောက်ရှိ နယ်ပယ်စုံ၊ကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်အကောင်အထည်ဖော်ရန်လည်း ဆွေးနွေးခဲ့ကြသည်။

ထို့အတူ အာဆီယံ-တရုတ်ဗဟိုဌာနမှ ဆောင်ရွက်လျက်ရှိသည့် အစီအစဉ်များ၊စီမံကိန်းများ၊အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေးကို ပိုမိုနက်ရှိုင်း၍ အဓိပ္ပာယ်ပြည့်ဝပြီး နှစ်ဖက်အကျိုးရှိသည့် မိတ်ဖက်ဆက်ဆံရေးအဖြစ် ပူးပေါင်းဆောင်ရွက်သွားရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here