ရုရှားတပ်ဖွဲ့များကို ယူကရိန်းက cluster ဗုံးများသုံး၍တိုက်ခိုက်

0
186

ယူကရိန်းတပ်ဖွဲ့များသည် ရုရှားတပ်ဖွဲ့ဝင်များ၏ နေရာများကို ဖြိုဖျက်ရန်အတွက် အမေရိက က ထောက်ပံ့ပေးထားသော cluster ဗုံးများကို စတင်အသုံးပြုနေပြီဖြစ်ကြောင်း အမည်မဖော်လိုသူ ယူကရိန်း အရာရှိများကို ကိုးကား၍ ဝါရှင်တန်ပို့စ် သတင်းစာက ဖော်ပြခဲ့သည်။

အဆိုဗုံးများ ပေးပို့ရန်အတွက် ဘိုင်ဒင်က ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ယူကရိန်းစစ်တပ်ကို ကတိပေးထားသော လက်နက်များကြီးများ မရောက်ရှိခင် အသုံးပြုနိုင်ရန်အတွက် ပေးပို့ထားခြင်းဖြစ်ကြောင်း အမေရိက က ပြောထားသည်။

ယူကရိန်း အရာရှိများက အဆိုပါ cluster ဗုံးများကို ၎င်းတို့ ပြန်လည်သိမ်းယူရန် ကြိုးပမ်းနေသော နယ်မြေများသို့ ချီတက်ရာတွင် နှောင့်နှေးစေသည့်အခိုင်အမာ တည်ဆောက်ထားသည့် ရုရှား ကတုတ်ကျင်းများကို တိုက်ခိုက်ရာတွင် အသုံးပြုနေကြောင်း ဝါရှင်တန်ပို့စ်ထံ ပြောကြားခဲ့သည်။

ထို့ပြင် ရုရှားနှင့်ယှဉ်လျှင် ၎င်းတို့ရှိ အမြောက်များနှင့် တပ်ဖွဲ့ဝင် အင်အားမှာ သိသိသာသာ အားနည်းနေသဖြင့် အင်အား မျှစေရန်အတွက် ထိုဗုံးများကို အသုံးပြုသွားမည်ဟု အရာရှိများက ပြောသည်။ ယူကရိန်း အရှေ့တောင်ပိုင်းရှိ ရှေ့တန်းနေရာများအပြင် ရုရှားတို့ ထိန်းချုပ်ထားသော ဘာ့ခ်မွတ်ခ် မြို့အနီး၌လည်း သုံးနေကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

ရုရှားသမ္မတ ပူတင်သည် အကယ်၍ ယူကရိန်း ကသာ cluster ဗုံးများကို အသုံးပြုပါက တန်ပြန်သည့်အနေဖြင့် ၎င်းတို့ပါ အသုံးပြုသွားမည်ဟု ပြောထားသည်။ သို့ရာတွင် ကုလသမဂ္ဂက အရေးအခင်း စတင်ကတည်းက ယူကရိန်းရှိ လူနေထူထပ်သော နေရာအချို့တွင် ရုရှားက cluster ဗုံးများအား အသုံးပြုထားသည်ကို တွေ့ရသည်ဟုဆို သည်။

Source: ဝီယွန်


LEAVE A REPLY

Please enter your comment!
Please enter your name here