ပြည်ပပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၄) ဘီလျံကျော် ရရှိထား၊ ယမန်နှစ်ကထက် သန်း ၄၀၀ ကျော် လျော့ကျ

0
138

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် သုံးလကျော်ကာလအတွင်း ပြည်ပသို့ ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၅ ဘီလျံကျော်ရရှိထားပြီး ယမန်နှစ်ကထက် သန်း ၄၀၀ ကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့် ကုန်သွယ်မှုစာရင်းများအရ သိရသည်။

ဧပြီလ (၁) ရက်မှ ဇူလိုင်လ (၇) ရက်အထိ ရရှိထားသည့် ပို့ကုန်ဝင်ငွေဖြစ်ပြီး စက်မှုကုန်ချောတင်ပို့မှုမှ ကန်ဒေါ်လာ ၂ ဒသမ ၆၃ ဘီလျံဖြင့် အများဆုံးတင်ပို့ထားကာ လယ်ယာထွက်ကုန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉၆၈ ဒသမ ၀၅၄ သန်းဖြင့် ဒုတိယအများဆုံး ဝင်ငွေရရှိထားခြင်းဖြစ်သည်။

ယင်းအပြင် ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၄၃ ဒသမ ၆၄၉ သန်း၊ အခြားကဏ္ဍတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅၉၉ ဒသမ ၂၆၀ သန်း၊ သတ္တုတွင်းထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈၄ ဒသမ ၃၅၄ သန်း၊ သစ်တောထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၂၂၇ သန်း၊ တိရိစ္ဆာန်ထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၀၄၄ သန်း ရရှိထားခြင်းဖြစ်သည်။
 
ပြီးခဲ့သည့်နှစ် ကာလတူတွင် ပြည်ပတင်ပို့မှုမှ ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၄ ဒသမ ၈၆ ဘီလျံ ရရှိခဲ့ပြီး  ယခုနှစ်ထက် အမေရိကန်ဒေါ်လာ ၄၁၆ ဒသမ ၈၇၀ သန်းပိုမိုရရှိကြောင်း စီးပွားကူးသန်းဝန်ကြီးဌာန၏ စာရင်းအချက်အလက်များအရ သိရသည်။

ပြည်ပနိုင်ငံများမှ သွင်းကုန်တင်သွင်းမှုအနေဖြင့် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊လူသုံးကုန်ပစ္စည်းနှင့် CMP (အထည်အလိပ်)တို့ကို ပြန်လည်တင်သွင်းပြီး သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ ၅ ဒသမ ၃၀ ဘီလျံ သုံးစွဲထားကြောင်းလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here