စက်မှုဇုန်ထုတ် ထုတ်ကုန်များအပေါ် ကုန်သွယ်ခွန်လျှော့ချကောက်ခံရန် တောင်းဆိုထားကြောင်း UMFCCI ဥက္ကဋ္ဌ ပြောကြား

0
203

စက်မှုဇုန်များနှင့် ပြည်တွင်း ကုန်ထုတ်လုပ်ငန်းများမှ ထုတ်လုပ်သည့် ထုတ်ကုန်များကို ကုန်သွယ်ခွန်လျှော့ချကောက်ခံပေးရန် ညှိနှိုင်းနေကြောင်း ကုန်သည်/စက်မှုအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်း၏ ပြောကြားချက်အရ သိရသည်။

ဇူလိုင်လ (၂၀)ရက်က ကုန်သည်စက်မှုအသင်းချုပ်၌ ပြုလုပ်သည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ကုန်ထုတ်လုပ်မှု ကဏ္ဍကို အားကောင်းစွာ ကိုယ်စားပြုသည့် အသင်းများ ထွက်ပေါ်စေလိုပြီး လုပ်ငန်းကော်မတီများ အားလုံးအနေဖြင့်လည်း သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်အဝနှင့် တာဝန်ခွဲဝေဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။

အသင်းအဖွဲ့များအနေဖြင့် ပုဂ္ဂလိကကဏ္ဍကို ကိုယ်စားပြုလုပ်ဆောင်ရာတွင် အများအကျိုးအတွက် တူညီသည့် ရပ်တည်ချက်များရှိရန်လိုအပ်ပြီး ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားခြင်းဖြင့် ရလာဒ်ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ကုန်သွယ်လုပ်ငန်းခွန်ကျသင့်သည့် ကုန်စည်တစ်မျိုးမျိုးကို ထုတ်လုပ်ရောင်းချခြင်း၊ ကုန်သွယ်လုပ်ငန်းခွန်ကျသင့်သည့် ဝန်ဆောင်မှုတစ်ရပ်ရပ်ကို ဆောင်ရွက်ခြင်းနှင့် ကုန်သွယ်မှုလုပ်ငန်း ဆောင်ရွက်ခြင်းမှ နိုင်ငံ ခြားငွေရရှိပါက ကုန်သွယ်လုပ်ငန်းခွန်ကို ကျပ်ငွေဖြင့်သာ ပေးဆောင်ရမည်ဖြစ်ကြောင်း ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် ထည့်သွင်းဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here