” ဝ” အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် (၃) ဖွဲ့နှင့် နစက ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့တို့ အပြီးသတ်ရရှိလာသည့်သဘောတူညီချက်များအား အတည်ပြုလက်မှတ်ရေးထိုး

0
175

နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)၊အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA)၊ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)ကိုယ်စားလှယ်အဖွဲ့တို့ ဒုတိယနေ့အဖြစ်တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် အပြီးသတ်ရရှိလာသည့်သဘောတူညီချက်များအား လက်မှတ်ရေးထိုးခဲ့ကြသည်။

ဇူလိုင် ၂၁ ရက်နံနက်ပိုင်းက နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် “ဝ”ပြည်သွေးစည်း ညီညွတ်ရေးပါတီ(UWSP)၊အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA)၊ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)ကိုယ်စားလှယ်အဖွဲ့တို့ နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ ဒုတိယနေ့အဖြစ် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲ၌ ၂ ရက်တာဆွေးနွေးညှိနှိုင်းချက်များအရ နှစ်ဖက်သဘောထားများကိုထပ်မံဆွေးနွေး၍ အပြီးသတ်ရရှိလာသည့် သဘောတူညီချက်များကိုအတည်ပြုလက်မှတ်ရေးထိုး၍ အပြန်အလှန်လဲလှယ်ခဲ့ကြသည်။

ထို့နောက် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုယ်စား “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)ဒု-ဥက္ကဋ္ဌ ဦးလော့ယာကုတို့က နိဂုံးချုပ်စကားများပြောကြားခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here