ကာလုံအစည်းအ​ဝေး တပတ်အလိုတွင် ဒုဝန်ကြီးများအ​​ပြောင်းအ​ရွေ့လုပ်

0
231

ဇူလိုင်လကုန်တွင် နစက အ​နေဖြင့်ကာလုံအစည်းအ​ဝေးတွင်ယာယီသမ္မတထံတင်ပြ၍သက်တမ်းတိုးမည်လား ပုံစံ​ပြောင်းမည်လား မသိရ​သေးသည့်အချိန်တွင် ဒုဝန်ကြီး အ​ပြောင်းအလဲများထုတ်ပြန်​ကြေငြာခဲ့သည်။

နစက မှ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၏ ဒု-ဝန်ကြီး‌ဒေါက်တာစိုးဝင်းအား နစက ဥက္ကဋ္ဌရုံး၏ ဒု-ဝန်ကြီးအဖြစ်ပြောင်းရွှေ့တာဝန်ပေးအပ်ခဲ့သည်ဟု ဇူလိုင် ၂၁ ရက်က အမိန့်အမှတ် ၄၅/၂၀၂၃ ဖြင့်ထုတ်ပြန်ခဲ့သည်။
အဆိုပါ နစကဥက္ကဋ္ဌရုံး၏ ဝန်ကြီး မှာမူမရှိ​သေး​ပေ။ဇူလိုင် ၅ရက် က နစကဥက္ကဋ္ဌ၏အကြံ​ပေးအဖြစ် ဒုဗိုလ်ချုပ်ကြီးညို​​စောအား ခန့်အပ်ထားသည်။

လစ်လပ်သွားခဲ့သည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ဒု-ဝန်ကြီးနေရာအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဦးဇင်မင်းထက်ကိုခန့်အပ်ခဲ့​ကြောင် းဇူလိုင် ၂၁ ရက်က အမိန့်အမှတ် ၄၆/၂၀၂၃ ဖြင့်ထုတ်ပြန်ခဲ့သည်။

နစက မှ ဒု-ဗိုလ်ချုပ်ကြီးနီလင်းအောင်အား ပြည်ထဲရေးဝန်ကြီးဌာန၏ ဒု-ဝန်ကြီးအဖြစ်ခန့်အပ်၍ ရဲချုပ်တာဝန်အား ပူးတွဲတာဝန်ပေးအပ်ခဲ့သည်ဟု ဇူလိုင် ၂၁ ရက်က အမိန့်အမှတ် ၄၇/၂၀၂၃ ဖြင့်ထုတ်ပြန်ခဲ့သည်။

ထိုအမိန့်​ကြော်ငြာစာများကို နစက အတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးမှ လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here