အာဆီယံ-တရုတ်ဗဟိုဌာန အတွင်းရေးမှူးချုပ် ဟိုတယ်ခရီးပြည်​ထောင်စုဝန်ကြီးနှင့်​တွေ့

0
127

မြန်မာသို့​ရောက်ရှိ​နေ​သော အာဆီယံ-တရုတ်ဗဟိုဌာန အတွင်းရေးမှူးချုပ်သည် ဝန်ကြီးဌာနများနှင့် သွား​ရောက်​တွေ့ဆုံလျှက်ရှိသည်။

တရုတ်နိုင်ငံ၌ကျင်းပမည့် ပြပွဲများတွင် မြန်မာနိုင်ငံမှပါဝင်ပြသနိုင်ရေးအတွက် ဖိတ်ကြားရန် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်သော်နှင့်တရုတ်နိုင်ငံ၊ပေကျင်းမြို့အခြေစိုက် အာဆီယံ-တရုတ်ဗဟိုဌာန အတွင်းရေးမှူးချုပ် မစ္စတာရှေကျုံးကျွင်းတို့တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးဦးအောင်သော်မှ အာဆီယံ- တရုတ်ဗဟိုဌာန အတွင်းရေးမှူးချုပ် မစ္စတာရှေကျုံးကျွင်းအား ဇူလိုင် ၂၁ ရက်မွန်းတည့် ၁၂ နာရီက နေပြည်တော်၌လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာသင်တန်းများဖွင့်လှစ်ရေး၊မြန်မာ-တရုတ် နှစ်နိုင်ငံကြား ခရီးသွားဧည့်သည်များ အပြန်အလှန်သွားလာလည်ပတ်ရေးနှင့်ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဆောင် ရွက်သွားရေးတို့အား ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြန်မာနိုင်ငံသို့ တရုတ်ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်ရေး၊ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် အာဆီယံ-တရုတ်ဗဟို ဌာနနှင့်နီးကပ်စွာပူးပေါင်းဆောင်ရွက်ရေး၊တရုတ်နိုင်ငံ၌ကျင်းပသည့် နိုင်ငံတကာခရီးသွားပြပွဲများ၊ပွဲတော်များနှင့်ကုန်စည်ပြပွဲများ၌ မြန်မာနိုင်ငံမှပါဝင်ပြသနိုင်ရန်အတွက် ဖိတ်ကြားရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here