လူကုန်ကူးမှုတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးနှင့် လက်နက်မှောင်ခို ရောင်းဝယ်မှုတားမြစ်ရေးအတွက် မြန်မာ-လာအို နှစ်နိုင်ငံ ဆွေးနွေး

0
126

လူကုန်ကူးမှုတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးနှင့် လက်နက်မှောင်ခို ရောင်းဝယ်မှုတားမြစ်ရေးအတွက် လာအိုနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးနှင့် လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတို့ ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယင်းဆွေးနွေးမှုကို ဇူလိုင်လ ၂၁ ရက်က လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများအား လာအိုနိုင်ငံဆိုင်ရာ၊ မြန်မာသံအမတ်ကြီးက သွားရောက်တွေ့ဆုံစဉ် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ တွေ့ဆုံမှုများတွင် လာအိုနိုင်ငံ၊ သတင်းအချက်အလက်၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးနှင့် မြန်မာသံအမတ်ကြီးတို့သည် နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက်လည်း ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၊ မြန်မာသံရုံးမှ သံအမတ်ကြီး ဦးမြတ်သက်ဦးသည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်သည့် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ဝန်ကြီး H.E. Lt. Gen. Vilay LAKHAMFONG အား ဇူလိုင်လ ၂၁ ရက်တွင်လည်းကောင်း၊ သတင်းအချက်အလက်၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာန၊ ဝန်ကြီး H.E. Mrs. Suanesavanh Vignaketh အား ဇူလိုင်လ ၂၁ ရက်၊ နေ့လည် ၂ နာရီ၌လည်းကောင်း သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here