မီတာ ၁ သောင်းကျော်နက်သော ကမ္ဘာ့အနက်ဆုံးတွင်းတစ်ခုကို တရုတ် စတင်တူးဖော်နေ

0
316

တရုတ်နိုင်ငံသည် မြေကြီးအောက် အလွန်နက်ရှိုင်းစွာ တည်ရှိနေသော သဘာဝဓာတ်ငွေ့သိုက်များကို ရှာဖွေရန်အတွက် မီတာ ၁ သောင်းခန့်နက်သော တွင်းကြီးတစ်တွင်းကို ဒုတိယအကြိမ်မြောက် စတင်တူးဖော်နေပြီဖြစ်ကြောင်း သိရသည်။

တရုတ် အမျိုးသား ရေနံကော်ပိုရေးရှင်းသည် ဇူလိုင်လ ၂၀ ရက် ကြာသပတေးနေ့မှစတင်၍ စီချွမ်ပြည်နယ်တွင် အနက် ၁၀,၅၂၀ မီတာ (၆ မိုင်ခွဲ) ရှိလာမည့် ရှန်းတိ့ ချွမ်ခဲ ၁ ရေနံတွင်း ဟုခေါ် သော တွင်းကို စတင်တူးဖော်ခဲ့သည်ဟု ဆင်ဟွာသတင်းဌာနက ဖော်ပြထားသည်။

အဆိုပါတွင်းသည် ရှင်းကျန်းဒေသတွင် မေလမှစ၍ တူးဖော်ခဲ့သော အနက် ၁၁,၁၀၀ မီတာ ရှိလာမည့် တွင်းနှင့် အရွယ်အစား တူညီမည်ဖြစ်သည်။ အဆိုပါ တွင်းနှစ်တွင်းသည် တူးဖော်မှုသာ အောင်မြင်ပြီးဆုံးပါက ကမ္ဘာ့အနက်ဆုံးတွင်းများတွင် အပါအဝင် ဖြစ်လာမည်။ လက်ရှိ ကမ္ဘာ့အနက်ဆုံးတွင်းမှာ ရုရှားနိုင်ငံရှိ မီတာ ၁၂,၂၆၂ နက်သော ကိုလာ စူပါဒိ့ပ် ဘိုးဟိုး တွင်းဖြစ်သည်။

ထိုတွင်းကို အစပိုင်းက သဘာဝတရားကို လေ့လာစမ်းသပ်ရန်အတွက် တူးဖော်ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သော်လည်း လက်ရှိအချိန်တွင်မူ အဆိုပါ ပရောဂျက်သည် ကမ္ဘာမြေကြီး၏ အတွင်းပိုင်း ဖွဲ့စည်းပုံဆိုင်ရာ အချက်အလက်များကို ပံ့ပိုးပေးရန်နှင့် တူးဖော်ရေး နည်းပညာများကို စမ်းသပ်ရန်အတွက် ဦးတည်လာခဲ့သည်။ တစ်ဖက်တွင်လည်း စီချွမ်ပြည်နယ်၌ နက်ရှိုင်းစွာ တည်ရှိနေသော သဘာဝဓာတ်ငွေ့တွင်းများကို ရှာဖွေ့ရန် ရည်ရွယ်ထားသည်။

ချွမ်ခဲ ၁ ရေနံတွင်း တူးဖော်ရခြင်း၏ အရေးပါပုံကို ပရောဂျက်ဆိုင်ရာ လက်ထောက်မန်နေဂျာ တင်းဝေ့က လကမ္ဘာ စူးစမ်းလေ့လာရေး ပရောဂျက်နှင့်ပင် နှိုင်းယှဉ်နိုင်သည့် နိုင်ငံတော် စီမံကိန်းကြီး ဖြစ်ကြောင်း ပြောလာခဲ့သည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here