မကွေးတွင် ထော်လာဂျီကားနှင့် Surf ကားတိုက်မိခဲ့ပြီး ထော်လာဂျီချောက်ထဲကျတိမ်းမှောက်မှုကြောင့် အမျိုးသား ၃ ဦးဒဏ်ရာရ

0
173

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ နေပြည်တော် – ကံပြားလမ်းတွင် ယနေ့ဇူလိုင်လ ၂၂ ရက် နေ့လယ်ပိုင်းက ထော်လာဂျီကားနှင့် Surf ကားတစ်စီးတို့တိုက်မှုဖြစ်ပွားခဲ့ကြောင်း ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းထံမှ သိရသည်။

မြို့သစ်မြို့နယ်၊ နေပြည်တော် – ကံပြားလမ်း ၊ မိုင်တိုင် ၃၁မိုင် / ၂ဖာလုံအနီးတွင် ထော်လာဂျီကားနှင့် Toyota Surf အမျိုးအစား ကားတစ်စီးတို့ ယနေ့နေ့လယ် ၁ နာရီခန့်က တိုက်မိမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထော်လာဂျီမှာ လမ်းဘေးရှိချောက်ထဲသို့ ထိုးကျ၍တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် အမျိုးသားသုံးဦးမှာ ညာလက်ကျိုး၊ ဦးခေါင်းပေါက်ပြဲ၊ ဘယ်ဘက်ခြေထောက်ကျိုး ပွန်းပဲ့၊ မေးစေ့ကွဲ၊ မျက်နှာပွန်းပဲ့ အစရှိသည့် ဒဏ်ရာများရရှိခဲ့သည့်အတွက်ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်း မှ လိုအပ်သောပြုစုမှုများပေး၍ အနီးစပ်ဆုံးဖြစ်သော မြို့သစ်ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ရောင်စုံမေတ္တာလူမှုကူညီရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here