နိုင်ငံတော်အား ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ခရီးသွားလုပ်ငန်းသည် အရေးပါသည့် ကဏ္ဍတစ်ခုဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

0
171

နိုင်ငံတော်အား ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာ၌ ခရီးသွားလုပ်ငန်းသည် အရေးပါသည့် ကဏ္ဍတစ်ခုဖြစ်ကြောင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ နစက ဒု-ဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးစိုးထွဋ်က ပြောကြားသည်။

ယင်းပြောကြားချက်ကို ဇူလိုင်လ ၂၁ ရက်၊ နံနက်ပိုင်းက နေပြည်တော်ရှိ Hotel Max ၌ကျင်းပခဲ့သည့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲသို့ တက်ရောက်၍ အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကို အရှိန်အဟုန်ဖြင့် ပြန်လည်ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်သင့်၊ ဆောင်ရွက်ထိုက်သည့်လုပ်ငန်းများကို ဝိုင်းဝန်းညှိနှိုင်းဖော်ထုတ်ရမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် လက်ရှိ ခရီးသွားလုပ်ငန်းအခြေအနေများကို ဘက်စုံ၊ ထောင့်စုံ၊ ကဏ္ဍစုံမှ ရှုမြင်သုံးသပ်၍ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် ရလဒ်ကောင်းများ ဖော်ထုတ်ပေးရမည်ဖြစ်ကြောင်း ဒု-ဗိုလ်ချုပ်ကြီးစိုးထွဋ်က ပြောကြားသည်။

ထို့ပြင် ရရှိလာသည့်အဖြေများကို အစိုးရဌာနအဖွဲ့အစည်းများနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်တိုးတက်သည့် ခရီးသွားလုပ်ငန်းများ ဖော်ဆောင်နိုင်ပြီး နိုင်ငံ၏ စီးပွားရေးဦးတည်ချက်များကို အကျိုးပြုစေမည်ဖြစ်ကြောင်း မှာကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက “မိုခါ”မုန်တိုင်းဒဏ်သင့်ဒေသများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် အလှူငွေ ကျပ်သိန်း (၅၀၀)ကို ပေးအပ်လှူဒါန်းရာ ဒု-ဗိုလ်ချုပ်ကြီးစိုးထွဋ်က လက်ခံရယူခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here