မလေးရှားသင်္ဘော နစ်မြုပ်မှုတွင် ပျောက်ဆုံးနေသည့်မြန်မာ ၄ ဦး၏ရုပ်အလောင်းပြန်တွေ့

0
176

မလေးရှားသင်္ဘောနစ်မြုပ်မှုတွင် ပျောက်ဆုံးခဲ့သည့် မြန်မာ ၄ ဦး၏ သေဆုံးနေသည့် အလောင်း ၄ လောင်းကို ကယ်ဆယ်ရေးအဖွဲ့ဝင်များက ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းတို့သည် မည်သူမည်ဝါမှန်း ခွဲခြားမသိရသေးကြောင်း မလေးရှား ရေကြာင်းထောက်လှမ်းရေးအေဂျင်စီ Maritime State မှသိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက် နေ့လည်အချိန်တွင် ကျောက်စရစ်များ တင်ဆောင်လာသည့်သင်္ဘော MV Tung Sung သည် မလေးရှား ရေပိုင်နက်ဖြစ်သည့် Pulau Burung ၏ အနောက်မြောက်ဘက် ရေမိုင် ၄၀ ခန့်အကွာတွင် နစ်မြုပ်သွားခဲ့ပြီး ၎င်းသင်္ဘော နစ်မြုပ်ချိန်တွင် မြန်မာ ၄ ဦး၊ မလေးရှား ၄ ဦးနှင့် အင်ဒိုနီးရှား ၁ ဦး၊ စုစုပေါင်း ၉ ဦး ပျောက်ဆုံးခဲ့ပြီး မလေးရှား ကမ်းခြေစောင့် ရဲတပ်ဖွဲ့ အပါအဝင် ကယ်ဆယ်ရေးအဖွဲ့ဝင်များက ယင်းနေ့မှာပင် ပျောက်ဆုံးသွားသူများအား ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ သေဆုံးနေသည့် အလောင်းများကို Pulau burung မြို့၏ ရေမိုင် ၁၅ မိုင်ခန့်အကွာတွင် ကယ်ဆယ်ရေးအဖွဲ့ဝင်များက တွေ့ရှိခဲ့ပြီး မည်သူမည်ဝါမှန်း ခွဲခြား၍ မရသေးသဖြင့် ထိုအလောင်းများကို ထပ်မံစစ်ဆေးနိုင်ရန်အတွက် Sebuyau ခရိုင်ရဲနှင့် ဆေးရုံသို့ လွှဲပြောင်းခဲ့ကြောင်း သိရသည်။

ထို့အပြင် ပျောက်ဆုံးနေသည့် ကျန်ရှိသူများကို ရှာဖွေကယ်ဆယ်မှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါ ရှာဖွေကယ်ဆယ်မှုများတွင် မလေးရှား ရေကြောင်းရဲတပ်ဖွဲ့၊ ဆရာဝပ် ကမ်းခြေစောင့်တပ်၊ မလေးရှားမီးသတ်နှင့်ကယ်ဆယ်ရေးဌာနနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြ၍ ယင်းဖြစ်စဥ်နှင့် ပတ်သက်ပြီးသိရှိထားသည်များ ရှိပါက ဆက်သွယ်ရန် 082-432544 MERS 999 သို့ ဆက်သွယ်နိုင်ကြောင်း ဖော်ပြပါရှိသည်။

Photo – Maritime Malaysia


LEAVE A REPLY

Please enter your comment!
Please enter your name here