သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု တိုးမြင့်လာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတိပေး

0
150

ကမ္ဘာလုံးဆိုင်ရာ ပူနွေးလာမှုကြောင့် ပျမ်းမျှအပူချိန်များမြင့်တက်လာခဲ့ပြီး မိုးရွာသွန်းချိန်ဖြစ်စဉ်များနှင့် မိုးခေါင်ရေရှားခြင်းဖြစ်စဉ်များ ပိုမိုအားကောင်းလာသောကြောင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုများသည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် တိုးမြင့်လာဖွယ်ရှိကြောင်း ယမန်နေ့ ဇူလိုင်လ ၂၁ ရက်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ သတိပေးချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

ကမ္ဘာ့လူဦးရေ ထက်ဝက်ခန့်အထိ ကူးစက်မှုအန္တရာယ်ကျရောက်နိုင်ပြီး နိုင်ငံပေါင်း (၁၂၉) နိုင်ငံအထိ ထိခိုက်လာလျက်ရှိကြောင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှုများသည် ၂၀၀၀ ပြည့်နှစ်၌ လူဦးရေ ငါးသိန်းခန့်သာရှိခဲ့ပြီး ၂၀၂၂ ခုနှစ်၏ ခန့်မှန်းတွက်ချက်မှုများအရ ၄ ဒသမ ၂ သန်းခန့်အထိ တိုးမြင့်လာကြောင်း WHO ၏ အပူပိုင်းရောဂါများဆိုင်ရာ ကမ္ဘာ့အစီအစဉ်အကြီးအကဲက ပြောကြားသည်။

ရောဂါပိုးသယ်ဆောင်သည့် ခြင်မျိုးစိတ်များသည် မိုးကြီးခြင်းကြောင့်ဖြစ်ပေါ်သည့် ရေကြီးခြင်းဖြစ်စဉ်များ၊ အပူချိန်မြင့်တက်ခြင်းများ စသည့်ရာသီဥတုပြောင်းလဲမှုအခြေအနေများကို ခံနိုင်ရည်ရှိခြင်းကြောင့် အဆိုပါဖြစ်စဉ်များ တွေ့ကြုံရချိန်တွင်ပင် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှုများ ရင်ဆိုင်လာရနိုင်ခြေရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here