ဘီလာရုဇ်အားထိခြင်းသည် ရုရှားအားတိုက်ခိုက်ခြင်းပင်ဖြစ်သည်ဟု သမ္မတပူတင်ဆို၊ဘီလာရုဇ်နှင့်ရုရှားသမ္မတတို့တွေ့ဆုံရန်ရှိ

0
255

မင့်စ်ခ်၊ဇူလိုင် ၂၃

ဘီလာရုဇ်အားထိခြင်းသည် ရုရှားအားတိုက်ခိုက်ခြင်းပင်ဖြစ်သည်ဟု သမ္မတပူတင်သတိပေးပြောကြားခဲ့ပြီးနှစ်ရက်အကြာ၌ မော်စကိုခေါင်းဆောင်နှင့် ဘီလာရုဇ်ခေါင်းဆောင် အလက်ဇန်းဒါးလူကာရှန်ကိုတို့ တွေ့ဆုံရန်ရှိကြောင်းခရင်မလင်ကပြောကြားခဲ့သည်။

ရုရှား၏ဝဂ်နာအုပ်စုတပ်ဖွဲ့ဝင်များ ဘီလာရုစ်သို့  ရောက်ရှိလာမှုအားတုံ့ပြန်သည့်အနေဖြင့် ဘီလာရုစ်နယ်စပ်သို့ စစ်ဘက်ဆိုင်ရာတပ်ဖွဲ့များ ပြောင်းရွှေ့ရန် ယခုသီတင်းပတ်အစောပိုင်း၌ ပိုလန်က ဆုံးဖြတ်ခဲ့သည်။

မော်စကိုဘက်ကလည်း မင့်စ်ခ်အပေါ် ရန်လိုမှုမှန်သမျှအားတုံ့ပြန်ရန် လုပ်နိုင်သမျှနည်းလမ်းအားလုံးကို အသုံးပြုမည်ဖြစ်ကြောင်း သမ္မတပူတင်ကပြောကြားခဲ့သည်။

သမ္မတလူကာရှန်ကိုသည် ရုရှားနိုင်ငံသို့ အလုပ်သဘောလာရောက်လည်ပတ်‌နေခြင်းဖြစ်ပြီး နှစ်နိုင်ငံ၏ မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး ပိုမိုဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ သမ္မတပူတင်နှင့်ဆွေးနွေးမည်ဖြစ်ကြောင်း ခရင်မလင်က ပြောကြားခဲ့သည်။

ဘီလာရုဇ်အနေဖြင့် ယူကရိန်းသို့ ၎င်း၏တပ်ဖွဲ့များစေလွှတ်ခြင်းမရှိသော်လည်း ၎င်း၏ပိုင်နက်နယ်နိမိတ်အတွင်း ရုရှား၏တပ်များနှင့်နျူလက်နက်များအားတပ်စွဲခွင့်ပြုထားခဲ့ပြီး ယူကရိန်း – ရုရှားအရေးတစ်လျှောက်လုံး၌လည်း မကြာခဏဆိုသလို သမ္မတပူတင်နှင့်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သူဖြစ်သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here