ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ စစ်တွေမြို့နယ်အတွင်းရှိ IDP စခန်းများတွအတွက် ဆန်အိတ်များထောက်ပံ့

0
92

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးထိန်လင်းမှ စစ်တွေမြို့နယ်အတွင်းရှိ IDP စခန်းများတွင်နေထိုင်သူများအတွက် ဆန်ရိက္ခာအဖြစ် ဆန်အိတ် (၁၄၀၀) အိတ်အား ဇူလိုင် (၂၃) ရက်နံနက်ပိုင်းက ထောက်ပံ့ပေးအပ်ခဲ့သည်။

IDP စခန်းတာဝန်ခံများအနေဖြင့်လည်း ပညာရေးနှင့် ကျန်းမာရေး ကိစ္စများကို ပူးပေါင်းဆောင်ရွက်ကြစေလိုပြီးရောဂါဘယများ ကင်းဝေးစေရန်အတွက်စခန်းသန့်ရှင်းသာယာရေးကို စခန်းအတွင်းနေထိုင်ကြသူများနှင့် ပူးပေါင်းဆောင်ရွက်ကြရန်လည်းမှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သဲချောင်း၊ ဒါးပိုင်း၊ သက္ကယ်ပြင်၊ မော်သီညှာနှင့် ဘာဆာရာ IDP စခန်းများမှ စခန်းတာဝန်ခံများအား ဆန်ရိက္ခာများထောက်ပံ့ပေးအပ်ပြီး သဲချောင်းကျေးရွာ Cyclone Shelter အားကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ခေါင်းဒုက္ကာကျေးရွာ၌ ခေါင်းဒုက္ကာ (၁)၊ခေါင်းဒုက္ကာ(၂)၊ဘောဒူဖ(၁)၊ဘောဒူဖ(၂)၊အုန်းတောကြီး (တောင်)၊ အုန်းတောကြီး(မြောက်)၊ချမ်းသာကုန်နှင့်အုန်းတောချေ IDP စခန်းများမှစခန်း တာဝန်ခံများအားလည်း ဆန်ရိက္ခာများထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့အတူ စစ်တွေမြို့၊ဘက်စုံသုံးဆိပ်ကမ်း၌ MV-WERU PACK KHA နှင့် ပြည်တော်အေး(၃) သင်္ဘောပေါ်မှ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုမည့်ပစ္စည်းများကို လူအင်အား၊ စက်ယန္တရားအင်အားများ အသုံးပြုကာ ဘေးသင့်ဒေသများသို့ဖြန့်ခွဲပေးရန်ဆောင်ရွက်နေမှုကိုလည်း ပြည်နယ်ဝန်ကြီးချုပ်ကကြည့်ရှုစစ်ဆေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here