မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရှေ့၌ ဝိဇယဘူမိနိမ္မာန အောင်မြေတွင်၃၅ ဌာန၏ အောင်မြေများထည့်သွင်း

0
240

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် တည်ထားပူဇော်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး မျက်နှာတော်မူရာအရပ်၌ ဝိဇယဘူမိနိမ္မာန အောင်မြေတည်ထားခြင်း မင်္ဂလာအခမ်းအနားအား ဇူလိုင် ၂၃ ရက်နံနက်ပိုင်းက ဆင်ယင်ကျင်းပခဲ့သည်။

အခမ်းအနားသို့ နစက ဥက္ကဋ္ဌနှင့်ဇနီးတို့တက်ရောက်ကြည်ညိုပူဇော်ကာ အောင်မြေနေရာတွင် ကျောက်မျက် ရတနာများအား နစက ဥက္ကဋ္ဌမှခင်းကျင်းကျဲဖြန့်ပူဇော်ပြီးနောက် မဇ္ဈိမဒေသ ဗုဒ္ဓဂယာ သတ္တဌာန ၇ နေရာမှ အောင်မြေများနှင့်နိုင်ငံတစ်ဝှမ်း တန်ခိုးကြီး‌စေတီဘုရားများရှိ အောင်မြေဌာန ၃၅ ဌာန၏ အောင်မြေများကို ဝိဇယဘူမိနိမ္မာန အောင်မြေထည့်သွင်းတည်ထားကာ ပရိတ်နံ့သာရည်များပက်ဖျန်းခဲ့သည်။

ထို့နောက် နစက ဥက္ကဋ္ဌနှင့်ဇနီးတို့သည် ၎င်းတို့လှူဒါန်းထားသည့် သဒ္ဒါဓိပတိ ခေါင်းလောင်းတော်ကြီးအား ၉ ချက်ထိုး၍ဖွင့်လှစ်ကာ ခေါင်းလောင်းတော်ကြီးအား အမွှေးနံ့သာရည်များပက်ဖျန်းခဲ့ကြသည်။

သဒ္ဒါဓိပတိ ခေါင်းလောင်းတော်ကြီးသည် အမြင့် ၅ ပေ၊ ထိပ်ဝအကျယ် ၄ ပေ ၁ လက်မ၊ အလေး ချိန် ၇၃၈ ကြေးပိဿာရှိကာ နစက ဥက္ကဋ္ဌနှင့်ဇနီး၊သား၊သမီး၊မြေးများ မိသားစုက လှူဒါန်းခဲ့ခြင်းဖြစ်သည်။

​စကျင်​ကျောက်ကြီးများကိုပင့်ဆောင်ချိန်၌ ရေလမ်းကြောင်းနှင့်ကုန်းလမ်းကြောင်းတို့တွင် အလေးချိန်အများဆုံး စံချိန်တင်ခဲ့သည်ဟုမှတ်တမ်းများအရသိရသည်။

စကျင်ကျောက်တုံးကြီး များကို ကုန်းလမ်းခရီးဖြင့် စုစုပေါင်း ၇ ခေါက် သယ်ယူခဲ့ရပြီး အလေးချိန်အနေဖြင့် ၇၆၃၂ ရှိသည်။

စကျင်ကျောက်တုံးကြီးများကို ပင့်ဆောင်သည့် Modula Trailar များ ထုတ်လုပ်သော ဂျာမနီနိုင်ငံမှ Goldhofer Company အနေဖြင့် ကမ္ဘာပေါ်တွင် အလေးချိန်အများဆုံးအရာဝတ္ထုများကို ခရီးအကွာအဝေးအရှည်ဆုံး ရွှေ့ပြောင်းသယ်ယူနိုင်ခဲ့သည့် အသိအမှတ်ပြု Certificate ကို ပေးအပ်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here