ပြင်ပဈေးကွက်အတွင်း စားအုန်းဆီ တစ်ပိဿာ ၇၀၀၀ ဝန်းကျင် ပြန်ဖြစ်

0
149

ပြင်ပဈေးကွက်အတွင်း ​စျေး ပြန်လည်ကျဆင်းလာသည့်စားအုန်းဆီသည် တစ်ပိဿာလျှင် ၇၀၀၀ ကျပ်ဝန်းကျင်သို့ ပြန်​ရောက်လာကြောင်းဈေးကွက်အတွင်းမှ သိရသည်။

စီးပွားကူးသန်းဝန်ကြီးဌာန လက်အောက်ရှိ  စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ယခုတစ်ပတ်အတွက် ရည်ညွှန်းသတ်မှတ်သော စားအုန်းဆီ ရည်ညွှန်းဈေးနှုန်း အနည်းငယ် မြင့်တက်လာသော်လည်း ပြင်ပဈေးကွက်အတွင်း၌ ဆီဈေးအနည်းငယ် ပြန်ကျလာခြင်းဖြစ်သည်။

ယခုတစ်ပတ်အတွက်  သတ်မှတ် ထားသည့် စားအုန်းဆီ အခြေခံရည်ညွှန်းဈေးနှုန်းမှာတစ် ပိဿာ ၄၂၃၀ ဖြစ်ပြီး ယခင်တစ်ပါတ်ထက် ၁၃၀ မြင့်တက်လာကြောင်း သိရသည်။

ယခုတစ်ပါတ်အတွက် ထုတ်ပြန်ထားသည့် လက်ကားရည်ညွှန်းဈေးမှာ ယခင်တစ်ပါတ်ထက် အနည်းငယ်မြင့်တက်လာသော်လည်း ပြင်ပဈေးကွက်အတွင်း အရောင်း အဝယ်ပြုလုပ်သည့်ဈေးမှာ စားအုန်း ဆီဈေးနှုန်းမှာ တစ်ပိဿာ ၉၀၀၀ကျပ် ဝန်းကျင်မှ ၆၅၀၀/၇၀၀၀ကျပ် နားသို့ ပြန်လည်ကျဆင်းလာ‌ ကြောင်း သိရသည်။

ပြည်တွင်း၌ စားသုံးဆီလိုအပ်ချက်မှာ တစ်နှစ်လျှင် ပျမ်း မျှတန်ချိန် တစ်သန်းခန့် လိုအပ်ချက်ရှိပြီး ပြည်တွင်းထု တ်လုပ်မှုမှ လုံလောက်အောင် ဖြည့်ဆည်းပေးနိုင်ခြင်းမရှိသေးသည့်အတွက် ပြည်ပကနေ မှာယူတင်သွင်းနေရ ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here