အာဆီယံ-ရုရှား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအတွက် ဘက်စုံလုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၅)ကို ပြည့်ဝစွာ အကောင်အထည်ဖော်ရန် မျှော်မှန်း

0
260

အာဆီယံ – ရုရှား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအတွက် ဘက်စုံလုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၅)ကို ပြည့်ဝစွာ အကောင်အထည်ဖော်ရန် မျှော်မှန်းထားကြော င်း ဘယ်လ်ဂျီယံနိုင်ငံနှင့် ဥရောပသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဦးစိုးလင်းဟန်က ပြောကြားသည်။

ဘရပ်ဆဲမြို့၊ ဥရောပသမဂ္ဂဆိုင်ရာ ရုရှားနိုင်ငံအဖွဲ့ရုံးတွင် ဇူလိုင်လ တတိယပတ်အတွင်း ကျင်းပခဲ့သည့် အာဆီယံ – ရုရှား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး (၅) နှစ် မြောက် အထိမ်းအမှတ် ဧည့်ခံပွဲတွင် ဘရပ်ဆဲလ်မြို့အခြေစိုက် အာဆီယံသံရုံးများကိုယ်စား အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အင်ဒို-ပစိဖိတ်ဒေသ အရေးကိစ္စများ၌ အာဆီယံ၏ ဗဟိုအချက်အချာကျမှုနှင့် အာဆီယံဒေသနှင့် ထိစပ်ပတ်သက်နေသည့် နိုင်ငံများအားလုံးပါဝင်သော ဒေသဆိုင်ရာဖွဲ့စည်းတည်ဆောက်မှုတစ်ရပ် ပေါ်ပေါက်လာရေးတွင် အာဆီယံ၏ အခန်းကဏ္ဍကို ရုရှားနိုင်ငံ၏ အားပေးထောက်ခံမှု၊ အာဆီယံ၏ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုယန္တရားများဖြစ်သည့် နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့ ပြစ်မှုကျူး လွန်မှုများနှင့် အကြမ်းဖက် တိုက်ဖျက်ရေးနယ်ပယ်များ၌ ရုရှားနိုင်ငံ၏ တက်ကြွစွာ ထိတွေ့ဆက်ဆံမှုတို့သည် ဒေသနှစ်ခုတည်ငြိမ်ရေးအတွက် မောင်းနှင်အားတစ်ရပ်ဖြစ်သည်ကို သက်သေပြသခဲ့ပြီးဖြစ်သည်ဟု ပြောကြားခဲ့ သ ည်။

ထို့ကြောင့် အာဆီယံ – ရုရှား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအတွက် ဘက်စုံလုပ်ငန်းစီမံချက် (၂၀ ၂၁-၂၀၂၅)ကို ပြည့်ဝစွာ အကောင်အထည်ဖော်ရန်မျှော် မှန်းထားကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

ဧည့်ခံပွဲသို့ ဘရပ်ဆဲလ်မြို့အခြေစိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီးများနှင့် ဥရောပသမဂ္ဂဆိုင်ရာ ရုရှားအဖွဲ့ရုံး ယာယီအမြဲတမ်းကိုယ်စားလှယ်နှင့် ဘယ်လ်ဂျီယံနိုင်ငံဆိုင်ရာ ရုရှားသံရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here