ကမ္ဘောဒီးယား ရွေးကောက်ပွဲအား လွတ်လပ်၍ တရားမျှတမှု မရှိဟုဆိုကာ အမေရိကန်က အကူအညီအချို့ကို ခေတ္တရပ်လိုက်ပြီး ဗီဇာပိတ်ပင်ချက်များလည်းထုတ်ပြန်

0
215

လက်ရှိ အာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီ(CPP) က တနင်္ဂနွေနေ့ ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရကြောင်း ကြေညာပြီးနောက် ကမ္ဘောဒီးယားရှိ နိုင်ငံခြားအကူအညီပေးရေးအစီအစဉ်အချို့ကို အမေရိကန်က ခေတ္တရပ်ထားလိုက်ပြီး ဒီမိုကရေစီကို ထိခိုက်ရာထိခိုက်ကြောင်း ပြောဆိုသည့် လူပုဂ္ဂိုလ်များကိုလည်း ဗီဇာပိတ်ပင်လိုက်သည်ဟု အမေရိကန် တာဝန်ရှိသူက ပြောကြားခဲ့သည်။

ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှု မရှိဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သယူးမီလာက ကြေညာချက်တွင် ဖော်ပြထားသည်။

“တုံ့ပြန်မှုအနေနဲ့၊ အမေရိကန်ဟာ ကမ္ဘောဒီးယားနိုင်ငံအပေါ် အချို့သော အကူအညီ အစီအစဉ်တွေကို ခေတ္တရပ်နားထားလိုက်ကာ ဒီမိုကရေစီကို ထိခိုက်စေတဲ့သူတွေကို ဗီဇာကန့်သတ်ချက်တွေကို ချမှတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၏ လက်ရှိ အာဏာရပါတီက တနင်္ဂနွေနေ့က ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရကြောင်း ကြေငြာခဲ့သည်။

ရွေးကောက်ပွဲ ကော်မတီ၏ အဆိုအရ မဲပေးသူ ၈၄ ရာခိုင်နှုန်းဖြင့် မဲရုံပိတ်ခဲ့ပြီး စုစုပေါင်းလူ ၈.၁ သန်း မဲပေးခဲ့ကြကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here