လားရှ်ိုးတွင် ဓာတ်ကြိုးဖြတ်ခိုးသူတစ်ဦး ဓာတ်လိုက်သေဆုံး

0
150

ရှမ်းပြည်နယ်၊ လားရှိုးမြို့တွင် ဓာတ်ကြိုးဖြတ်ခိုးသူတစ်ဦး ဓာတ်လိုက်သေဆုံးမှု ယနေ့ ဇူလိုင်လ ၂၄ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လားရှိုးမြို့နယ်၊လွိုင်လွမ့်ကျေးရွာ၊ ပြောင်းစိုက်ခင်းအတွင်းထဲရှိ 33KV လိုင်းကြိုးအား ဖြတ်ခိုးရာမှ အမျိုးသားတစ်ဦး ဓာတ်လိုက် သေဆုံးသွားဖြစ်ကြောင်း လားရှိုးမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိသည်။

အဆိုပါဓာတ်လိုက်မှုဖြစ်စဉ်ကြောင့် ခိုးယူသူမှာ ဝမ်းဗိုက်ပွင့် သေဆုံးသွားသည့်အတွက် လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့ လားရှိုးပြည်သူ့ဆေးရုံကြီး-အရေးပေါ်ဌာန၊ ထိုမှတစ်ဆင့် ရင်ခွဲရုံသို့(PR-012)ဖြင့် ပို့ဆောင်ကူညီပေးခဲ့ရသည်။

သေဆုံးသူမှာ(အမည်၊နေရပ်)မသိရှိရသေးသည့်အတွက် သေဆုံးသူအား သိရှိပါက မိသားစုဝင်များထံသို့ အမြန်ဆုံး ဆက်သွယ်အကြောင်းကြားပေးပါရန် အသိပေးထားသည်။

ဓာတ်ပုံ – လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here